PDF များတိုက်ခိုက်လာလျှင် စစ်သားဇနီးများ လက်နက်ကိုင်ပြီး ပြန်တိုက်ရန် စစ်ကောင်စီညွှန်ကြား

PDF များတိုက်ခိုက်လာလျှင် စစ်သားဇနီးများ လက်နက်ကိုင်ပြီး ပြန်တိုက်ရန် စစ်ကောင်စီညွှန်ကြား

စစ်တပ်တွင် အင်အားချည့်နဲ့လာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ တိုက်ခိုက်လာလျှင် စစ်သားများ၏ ဇနီးများ (ရဲမေများ) ကိုပါ လက်နက်ကိုင်ခိုင်းပြီး ပြန်တိုက်ရန် တပ်တွင်းကြေးနန်းဖြင့် ညွှန်ကြားခိုင်းစေနေကြောင်း ‌ပြည်သူ့စစ်သားအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

စစ်သားများ၏ ဇနီးများကို တပ်တွင်းတွင် ရဲမေများဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

အဆိုပါကြေးနန်းသည် စက်တင်ဘာ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားစာဖြစ်ပြီး တပ်တွင်းလုံခြုံမှု ဒုတိယအဆင့်ရှိ ညွှန်ကြားချက် ဖြစ်သည်ဟု သိရသည်။

အဆိုပါကြေးနန်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်များ၏ အမြောက်တပ်/စခန်းများကို ရန်သူမှ ဦးတည်တိုက်ခိုက်မည်ဟု သတင်းရရှိသဖြင့် အမြောက်တပ်/စခန်း လခရ (လုံခြုံရေး) ဂရုစိုက်ရန်နှင့် PDF များမှ တိုက်ခိုက်လာပါက မည်သို့ တုန့်ပြန်တိုက်ခိုက်မည်ကို တပ်နယ်မှူးများမှ မြေပြင်အခြေအနေကို သုံးသပ်၍ ရန်သူလုပ်ဆောင်လာနိုင်သည့် နည်းလမ်း၊ မိမိဘက်မှ ပြန်လည် တုန့်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းများအား သုံးသပ်ပြီး နတ (နောက်တန်း) လူ/လက်နက်/ခဲယမ်းဖွဲ့စည်းပုံ (ရဲမေများအပါ) နှင့် လနက (လက်နက်ကြီး) တပ်ဆင်ထားရှိမှု၊ မြေပုံ၊ အစီအမံတို့အား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ပြန်လည်တင်ပြရန် အကြောင်းကြားထားသည်။

"စစ်သားမဟုတ်တဲ့ စစ်သားဇနီးတွေကို လက်နက်ကိုင်ခိုင်းတာက စစ်ရာဇဝတ်မှုမြောက်ပါတယ်။ စစ်သားရဲ့ဇနီးဆိုတာ ပြည်သူပဲဖြစ်ပါတယ်။ အခုလို စစ်ပွဲမှာအတင်းအကျပ် လက်နက်ကိုင်ခိုင်းခြင်းကို လုံးဝလုပ်ခွင့်မပြုပါဘူး။ လူသားတံတိုင်းအနေနဲ့ အသုံးချနေတာလည်း ဖြစ်ပါတယ်။ အဲဒီအတွက် တပ်ထဲမှာရှိနေတဲ့ စစ်သားတွေရဲ့ ဇနီးတွေနဲ့ မိသားစုဝင်တွေက နားလည်သင့်ပါတယ်။ အဲဒါတွေကို ဆန့်ကျင်ဖို့လိုပါတယ်။ ကိုယ့်အခွင့်အရေးကိုလည်း ကိုယ်သိဖို့လိုပါတယ်" ဟု CDM ဗိုလ်ကြီး ညီသုတက ဆိုသည်။

ယခုကဲ့သို့ စစ်သားများ၏ ဇနီးမယား (တပ်တွင်းအခေါ် ရဲမေ) များကိုပါ လက်နက်ကိုင်စေကာ လူသားတံတိုင်းပြုလုပ်နေခြင်းကို နိုင်ငံတကာက အာရုံစိုက်ကာ တိုက်တွန်းတားမြစ်ပေးရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

အကြမ်းဖက်အာဏာသိမ်းပြီးနောက် တပ်တွင်း၌ ပြင်ပထွက်ခွင့်ကို တင်းကျပ်ထားပြီး အောက်ခြေ တပ်ရင်း/တပ်မက စစ်သားများ၏ ဇနီးမယား (တပ်တွင်းအခေါ် ရဲမေ) များသည် ၎င်းတို့၏ လင်ယောက်ျားများ ရှေ့တန်းထွက်ချိန်တွင် နောက်တန်း၌ မဖြစ်မနေ အလှည့်ကျစနစ်ဖြင့် နေ့ရောညပါ လက်နက်ကိုင်ပြီး လုံခြုံရေးကို အလှည့်ကျ တာဝန်ယူနေကြရခြင်းဖြစ်သည်။

Most read this week

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...