စစ်ကောင်စီက မိုးဘိုင်းဖုန်းအင်တာနက် ဖြတ်တောက်ခံထားရသည့် မြို့နယ် (၁၀) မြို့အထိရှိလာ

စစ်ကောင်စီက မိုးဘိုင်းဖုန်းအင်တာနက် ဖြတ်တောက်ခံထားရသည့် မြို့နယ် (၁၀) မြို့အထိရှိလာ

စစ်ကောင်စီက မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ထားသည့် မြို့နယ် (၁၀) မြို့အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ (၁၄) ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်တချို့ကို စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

“၁၂ နာရီကနေစပြီးတော့ အင်တာနက်တွေမရတော့ဘူး၊ ဒီရက်ပိုင်းတွေမှာ တာဝိုင်တိုင်တွေ ဗုံးခွဲခံရလို့ထင််တယ်” ဟု အင်တာနက်ဖြတ်တောက်ခံရသည့် မန္တလေးတိုင်း မိုးကုတ်မြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့များတွင် စစ်ကောင်စီကို ဆန့်ကျင်မှုအားကောင်းသည့် မြို့များလည်းဖြစ်သည်။

ယခုရက်ပိုင်းတွင်  Mytel တာဝါတိုင်များ ဗုံးခွဲဖျက်စီးခံရပြီး စစ်ကောင်စီတပ်များကလည်း ထိုတာဝါတိုင်အနီးတွင် လုံခြုံရေးတင်းကြပ်စောင့်ကြည့်မှုများ ပြုလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပုလဲ၊ ကနီ၊ ဘုတလင်၊ အရာတော်နှင့် ယင်းမာပင်မြို့၊ မကွေးတိုင်းတွင် တောင်တွင်းကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံ၊ မိုးကုတ်မြို့နယ်တို့ဖြစ်သည်။

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကို အင်တာနက်အားလုံးဖြတ်တောက်ခံထားရသည်မှာ ယနေ့အထိဖြစ်ပြီး ထိုဖြတ်တောက်မှုကြောင့် ကုန်စျေးနှုန်းမြင့်တက်နေမှုနှင့် သတင်းအချက်အလက်ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည်။

 
 

 

 

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...