ဆိုင်ကယ်စီးလာသူ ၃ဦးကို စစ်ကောင်စီ ပစ်ခတ်ရာလူငယ်သေဆုံး

ဆိုင်ကယ်စီးလာသူ ၃ဦးကို စစ်ကောင်စီ ပစ်ခတ်ရာလူငယ်သေဆုံး

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့ ည ၁၀ နာရီခန့်က ဆိုင်ကယ်စီးကာ နေအိမ်သို့ပြန်လာသည့် လူငယ် သုံးဦးအား စစ်ကောင်စီတပ်သားက ပစ်ခတ်သည့်အတွက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည်။

မန္တလေး-လားရှိုး လမ်းမပေါ်တွင် လူငယ်သုံးဦး ဆိုင်ကယ်စီးလာသည်ကို စစ်ကောင်စီတပ်သားက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ၁၇ နှစ်အရွယ် မောင်ဘီးဘီးသည် ကျည်ဆန်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

“သူတို့တပ်စွဲထားတဲ့ စခန်းရှေ့ကနေ ကလေးတွေက ဖြတ်မောင်းသွားတာကို နောက်ကနေ သေနတ်နဲ့ပစ်လိုက်တာ၊ ဆိုင်ကယ်နောက်ဆုံးမှာထိုင်တဲ့ ကလေးက နောက်ကျောနဲ့ဆီးခုံကို ကျည်ထိသွားပြီး အဲဒီကျည်က အလယ်မှာထိုင်နေတဲ့ ကလေးရဲ့ နောက်ကျောထိ ဖောက်ဝင်သွားတယ်။ နှစ်ယောက်လုံးကို ညတွင်းချင်းဆေးရုံပို့ခဲ့ပေမယ့် နောက်ဆုံးမှာ ထိုင်တဲ့ကလေးကတော့ ဆေးရုံမရောက်ခင် လမ်းမှာပဲဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

သေဆုံးသွားသူကို ယနေ့ နေ့လည် ၁၁ နာရီတွင် အုန်းချောစံပြကျေးရွာ၌ အသုဘချခဲ့သည်။

ပုသိမ်ကြီးမြို့နယ်၊ အုန်းချောအုပ်ချုပ်ရေးမှူးထံ မောင်ဘီးဘီးအတွက် သေမှုသေခင်းစာရွက် ထုတ်ပေးရန်တောင်းခံရာတွင် အရက်မူးလွန်သေဆုံးကြောင်း ရေးသားပေးလိုက်သည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...