တရုန်ရောက် အာဏာသိမ်းတပ်ဖွဲ့အချို့ တခက်သို့ ဆက်လက်ချီတက်လာ

တရုန်ရောက် အာဏာသိမ်းတပ်ဖွဲ့အချို့ တခက်သို့ ဆက်လက်ချီတက်လာ

တနိုင်း-ရှင်ဗွေယန် လမ်းမပေါ် တရုန်ကျေးရွာတွင် ရောက်ရှိလာသော အာဏာသိမ်းစစ်တပ် အင်အား ၃၀ ဝန်းကျင်ခန့်သည် ယနေ့နံနက် ၈ နာရီမှစတင်ပြီး တခက်ကျေးရွာဘက်သို့ ပြန်လည်ချီတက်သွားပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ တရုန်မှ တခက်ဘက်သို့ စစ်ကြောင်းပြန်လည်ချီတက်သွားသည့် တခက်ကျေးရွာအနီးတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ပါသည်။

“စစ်တပ်ဘက်က စစ်အင်အားတစ်ချို့ တခက်ဘက်ကို ပြန်တက်သွားပြီ။ တိုက်ပွဲက ပြန်ဖြစ်မှာသေချာတယ်။" ဟု ပြောဆိုသည်။

လက်ရှိတွင်လည်း တရုန်ကျေးရွာအတွင်း စစ်ဆေးမှု အလွန်တင်းကြပ်ထားကြောင်း သိရသည်။

ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်အချိန်တွင် တရုန်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ၁ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး ပြည်သူများကို သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ တရုန်ကျေးရွာမှ ဒေသခံ ၂၀၀ ကျော်သည် တခက်ကျေးရွာနှင့် ရှင်ဗွေယန်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

အဆိုပါတရုန်၊ တခက်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့လားသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ စက်တင်ဘာလ ၈ ရက်နေ့တွင် တနိုင်းဘက်မှ ချီတက်လာသည့် စစ်ကြောင်းဖြစ်သည်။

 
 

 

 

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...