တရုန်ရောက် အာဏာသိမ်းတပ်ဖွဲ့အချို့ တခက်သို့ ဆက်လက်ချီတက်လာ

တရုန်ရောက် အာဏာသိမ်းတပ်ဖွဲ့အချို့ တခက်သို့ ဆက်လက်ချီတက်လာ

တနိုင်း-ရှင်ဗွေယန် လမ်းမပေါ် တရုန်ကျေးရွာတွင် ရောက်ရှိလာသော အာဏာသိမ်းစစ်တပ် အင်အား ၃၀ ဝန်းကျင်ခန့်သည် ယနေ့နံနက် ၈ နာရီမှစတင်ပြီး တခက်ကျေးရွာဘက်သို့ ပြန်လည်ချီတက်သွားပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ တရုန်မှ တခက်ဘက်သို့ စစ်ကြောင်းပြန်လည်ချီတက်သွားသည့် တခက်ကျေးရွာအနီးတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ပါသည်။

“စစ်တပ်ဘက်က စစ်အင်အားတစ်ချို့ တခက်ဘက်ကို ပြန်တက်သွားပြီ။ တိုက်ပွဲက ပြန်ဖြစ်မှာသေချာတယ်။" ဟု ပြောဆိုသည်။

လက်ရှိတွင်လည်း တရုန်ကျေးရွာအတွင်း စစ်ဆေးမှု အလွန်တင်းကြပ်ထားကြောင်း သိရသည်။

ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်အချိန်တွင် တရုန်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ၁ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး ပြည်သူများကို သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ တရုန်ကျေးရွာမှ ဒေသခံ ၂၀၀ ကျော်သည် တခက်ကျေးရွာနှင့် ရှင်ဗွေယန်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

အဆိုပါတရုန်၊ တခက်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့လားသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ စက်တင်ဘာလ ၈ ရက်နေ့တွင် တနိုင်းဘက်မှ ချီတက်လာသည့် စစ်ကြောင်းဖြစ်သည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...