ဆင်မလိုက် လူကူးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံး ဗုံးပေါက်

ဆင်မလိုက် လူကူးတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံး ဗုံးပေါက်

ကမာရွတ်မြို့နယ်၊ ဆင်မလိုက်လမ်းဆုံ၊ လူကူးတံတားအောက်၊ သုံးမြောင့်တြိဂံနေရာနားရှိ ယာဉ်ထိန်းရဲရုံးတွင် စက်တင်ဘာ ၁၂ ရက် မနက် ၆ နာရီ မိနစ် ၃၀ ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

"ပေါက်ပြီး နာရီဝက်အကြာမှာ စခန်းကရဲတချို့နဲ့ ယာဉ်ထိန်းရဲတချို့က အဲဒီနားမှာပဲရှိသေးတယ်။ နောက်မှ ကားတွေရောက်ချလာပြီး လမ်းပိတ်စစ်ဆေးတာတွေ လုပ်ကြတယ်။ အထိအခိုက်တော့ရှိမယ်လို့ မထင်ဘူး" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

နံနက် ၇ နာရီဝန်းကျင်မှစ၍ ကမာရွတ်ရဲစခန်းရှေ့တွင် စစ် Double Cab ကား သုံးစီး၊ Grand Hantha ဆေးရုံရှေ့နားတွင် ရဲကားအကြီးတစ်စီး ကန့်လန့်ဖြတ် ပိတ်ရပ်ထားသည်။

ထို့နောက် နာနတ်တောတံတားဘက်သို့ အသွားလမ်းနှင့် လှည်းတန်းဘက် အသွား၊ အပြန်ရှိရာ ၁၆ ပေ ဂုံးအဆင်းလမ်းမတို့ကို ပိတ်ထားပြီး အင်အား ၃၀ ခန့်ဖြင့် အစစ်အဆေးများ ပြုလုပ်ကြသည်။

နံနက် ၇ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ပိတ်ထားသောလမ်းများ ပြန်လည်ဖွင့်ပေးပြီး ရဲကားအကြီးတစ်စီးက နာနတ်တောလမ်းဘက်၊ စစ် Double Cab ကားတစ်စီးက လှည်းတန်းလမ်းမဘက်သို့ အသီးသီး ပြန်လည်ထွက်ခွာသွားကြသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...