ခင်ဦးမြို့နယ်မှ Mytel တာဝါတိုင် ၇ ခုကို ဒေသကာကွယ်ရေးတပ် ဖောက်ခွဲဖျက်ဆီး

ခင်ဦးမြို့နယ်မှ Mytel တာဝါတိုင် ၇ ခုကို ဒေသကာကွယ်ရေးတပ် ဖောက်ခွဲဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိ အာဏာသိမ်း စစ်အုပ်စုပိုင် Mytel တယ်လီဖုန်းဆက်သွယ်ရေးတာဝါတိုင် ခုနှစ်ခုကို ဒေသကာကွယ်ရေးတပ် ခင်ဦးမြို့ PDF က စက်တင်ဘာ ၁၀ရက်တွင် မီးရှို့ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ကြေညာသည်။

ခင်ဦးမြို့ PDF က ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် အသိပေး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ခင်ဦးမြို့နယ်အတွင်းရှိ ငါးတင်းကြီးကျေးရွာ၊ ထနောင်းကိုင်းလေး လမ်းဆုံအနီး၊ ရွာသစ်ကုန်းရွာအနီး၊ တပင်ကောင်းရွာအနီး၊ မဒေါင်းလှကျေးရွာအနောက်ဘက်၊ ချောင်းဆုံကျေးရွာအနီးနှင့် ရွာစဉ်ကျေးရွာအနီးရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

ယင်းသို့တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံနေရသည့်အတွက် Mytel နှင့် MPT ဆက်သွယ်ရေးတာဝါတိုင်များကို အဓိကဦးစားပေး လုံခြုံရေးဆောင်ရွက်ရန် အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားထားသည်။

ရဲစခန်းများနှင့် ခုနှစ်မိုင်အတွင်းရှိနေသော ဆက်သွယ်ရေးတာဝါတိုင်များ ဖျက်ဆီးမခံရရေး ကြပ်မတ်ဆောင်ရွက်ရန် သက်ဆိုင်ရာ စခန်းမှူးများကို ညွှန်ကြားထားခြင်းဖြစ်ပြီး ခုနှစ်မိုင်ထက်ဝေးသော တာဝါတိုင်များဖြစ်ပါက တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...