စစ်ကောင်စီဘက်မှ အဖမ်းအဆီးရှိနိုင်ကြောင်း PDF-ကျိုက်လတ်က မြို့ပေါ်နေပြည်သူတွေကို သတိပေး

စစ်ကောင်စီဘက်မှ အဖမ်းအဆီးရှိနိုင်ကြောင်း PDF-ကျိုက်လတ်က မြို့ပေါ်နေပြည်သူတွေကို သတိပေး

ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့မှာ ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က အဖမ်းအဆီးရှိနိုင်ကြောင်း မြို့ပေါ်နေပြည်သူတွေနဲ့၊ စီးပွားရေးလုပ်ငန်းရှင်တွေကို PDF-ကျိုက်လတ်က သတိပေးထုတ်ပြန်ထားသည်။

PDF-ကျိုက်လတ်ရဲ့ သတိပေးထုတ်ပြန်ချက်ထဲတွင် "ကျိုက်လတ်မြို့ အပြစ်မဲ့ပြည်သူများ သတိထားကြရန် အနောက်ပိုင်းကို ယနေ့ည ခွေးဆွဲမယ်လို့ သတင်းရပါတယ်။ လူငယ်များ သတိထားကြပါ။ (အကြောင်းမရှိအကြောင်းရှာ PDF အမည်ခံပီး ပေါ်တာဆွဲနိုင်ပါသည်) စီးပွားရေးလုပ်ငန်းရှင်များလည်း သတိထားကြပါ။ (ဖမ်းချင်သလိုဖမ်းပီး ငွေနဲ့ပြန်လဲခိုင်းတဲ့အကွက် နင်းနေကြပါသည်)" ဟု ပါရှိသည်။

"ဒီည စစ်ခွေးတွေဝင်ဖမ်းမယ်ကြားလို့ သတိပေးတာပါ၊ ဒီည ထုတ်ပြန်ရတဲ့စာကတော့ သူတို့ရဲ့အတွင်းသတင်းပေါက်ပြီး ကျွန်တော်တို့ဆီရောက်ရှိလာတယ်၊ ကျေးရွာတွေမှာ တစ်ရွာကိုလူ ၃၀ ပေါ့ စုဖို့ သူတို့ရည်ရွယ်နေတယ်ဆိုပြီး သတင်းပေါက်ကြားလာတယ်၊ အဲ့အတွက် လူမရတဲ့အခါ လူငယ်တွေကို PDF ပါဆိုပြီး ဝင်ဆွဲနိုင်တယ်လို့ သတင်းတေရရှိနေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သတိနဲ့နေထိုင်ကြဖို့ ထုတ်ပြန်လိုက်တာပါ" ဟု PDF-ကျိုက်လတ်ရဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျိုက်လတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကိုဆန့်ကျင်လို့ ဖမ်းဆီးခံရသူ အမျိုးသားနှစ်ဦးရှိတယ်လို့သိရပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...