လှည်းကူး ပရဟိတသမား ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

လှည်းကူး ပရဟိတသမား ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
မြို့မမေတ္တာလူမှုကယ်ဆယ်ရေးအသင်း
မြို့မမေတ္တာလူမှုကယ်ဆယ်ရေးအသင်း

လှည်းကူးမြို့မှ ပရဟိတလုပ်ဆောင်သူလေးဦးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၈ ရက်နေ့ညက ဖမ်းဆီးသွားသည်။

လက်နက်ကိုင် စစ်သား၊ ရဲနှင့် အရပ်ဝတ်များက ည ၁၂ နာရီဝန်းကျင်တွင် လှည်းကူးမြို့၊ မြို့မရပ်ကွက်မှ မြို့မမေတ္တာ လူမှုကယ်ဆယ်ရေးအသင်းသို့ ရောက်လာပြီး တည်ထောင်သူအပါအဝင် လေးဦးကို ဖမ်းဆီးသွားကာ လူမှုကယ်ဆယ်ရေးကားနှစ်စီးနှင့် လက်ကိုင်ဖုန်းများလည်းသိမ်းယူသွားသည်ဟု ဒေသခံများက ပြောသည်။

မြို့မမေတ္တာ လူမှုကယ်ဆယ်ရေးအသင်းသည် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ဖွဲ့စည်းခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းဖြစ်ပြီး မြို့မရပ်ကွက်အတွင်း လူနာများကို ဆေးရုံဆေးခန်းပို့ဆောင်ပေးခြင်း၊ Covid-19 ကာကွယ်ရေးအတွက် နှာခေါင်းစည်းဝေခြင်း၊ ဆေးဖြန်းခြင်း၊ အစားအသောက်ဝေခြင်းတို့ကိုသာ လုပ်ဆောင်ပေးနေသည့် အသင်းဖြစ်သည်။

စစ်ကောင်စီသတင်းပေး ဒလန်ပေါများသည်ဟု ဒေသခံများက ဆိုသည့် လှည်းကူးမြို့တွင် မြို့ပေါ်ရပ်ကွက် ငါးခုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်များတွင် စစ်ကောင်စီတပ်များက လုံခြုံရေးပေးထားကြောင်းလည်း သိရသည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...