သပိတ်ကျင်းမြို့နှင့် လေးမိုင်ကျေးရွာကြားရှိ မိုင်တဲလ် တာဝါတိုင် မိုင်းခွဲခံရ

သပိတ်ကျင်းမြို့နှင့် လေးမိုင်ကျေးရွာကြားရှိ မိုင်တဲလ် တာဝါတိုင် မိုင်းခွဲခံရ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းမြို့နှင့် လေးမိုင်ကျေးရွာကြားရှိ မိုင်တဲလ်တာဝါတိုင်အား သပိတ်ကျင်း PDF မှ ယမန်နေ့ စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီအိနစ် ၃၀ ဝန်းကျင်ခန့်က လက်လုပ်မိုင်းများဖြင့် ဖျက်ဆီးခဲ့ကြောင်း TBK PDF အဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။

"တာဝါတိုင် ပြိုမပြိုကတော့ အချိန်နည်းနည်းမှောင်နေလို့ မသိရဘူး။ ဒါပေမဲ့ တာဝါတိုင်နဲ့ဆက်စပ်တဲ့ ပစ္စည်းအားလုံးကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်" ဟု အဆိုပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုင်တဲတာဝါတိုင်ရှိရာနေရာသည် လေးမိုင်ရွာနှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိပြီး ပေါက်ကွဲသံကို ရွာမှ ကြားခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

"မနေ့က ၆ ခွဲလောက်က ကြားလိုက်တာ အသံမှ အကျယ်ကြီးပဲ။ တစ်ရွာလုံးကြားရတယ်။ တချို့ တောထဲရောက်နေကြတဲ့သူတွေလဲ မိုင်းခွဲသံကြားရတော့ ပြန်လာကြတာ။ ဖုန်းလိုင်းပြတ်တောက်သွားတဲ့အနေထားမှာတော့ မရှိသေးဘူး" ဟု လေးမိုင်ကျေးရွာနေသူတစ်ဦးက ပြောသည်။

 
 

 

 

Most read this week

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...