မြောင်မြို့တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး

မြောင်မြို့တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ နေရာ ၂ ခုတွင် စက်တင်ဘာ ၈ ရက် မနက် ၁ဝ နာရီမှ ညနေ ၄ နာရီအချိန်ထိ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ ၁၂ ဦးသေဆုံးကာ ရဲစခန်းတစ်ခု မီးလောင်သွားကြောင်း CDSOM အဖွဲ့က ယနေ့ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

မြောင်မြို့နယ်အတွင်းရှိ မြစ်ဆုံကျေးရွာနှင့် နဘက်စံပြကျေးရွာအနီးတွင် အပြန်အလှန်ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ခဲ့ပွားပြီး တိုက်ပွဲကြာချိန် ၆ နာရီခန့်ရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)၊ 27 Revolution Force ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့နှင့် PDF-Taloke တို့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြောင်မြို့နယ် မြစ်ဆုံကျေးရွာတွင်ဖြစ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ခြင်းကြောင့် လက်နက်ကြီးများနှင့် အချက် ၄ဝ ကျော်ပစ်ခတ်ခဲ့ရာ ရွာတွင် ဒေသခံများရှိနေသည့်အတွက် နောက်ဆုတ်ပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များက အဆိုပါကျေးရွာတွင် တပ်စွဲခဲ့ပြီး ညနေ ၃ နာရီခန့်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထပ်မံကျဆုံးခဲ့ကြောင်း CDSOM အဖွဲ့ထံမှ သိရသည်။

ကျောက်ရစ်ကျေးရွာ ရဲစခန်းဘက်တွင် စခန်းမှူးနှင့် အပေါင်းအပါများအား အညံ့ခံစေပြီး စခန်းကို သိမ်းပိုက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့များက ကားသုံးစီးဖြင့် ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ထပ်မံသေဆုံးခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် ညနေ ၄ နာရီခန့်တွင် နဘက်စံပြကျေးရွာရှိ ရဲစခန်းကို မီးရှို့ခဲ့ကြောင်း CDSOM အဖွဲ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...