နန်းမားမြို့ လျှပ်စစ်ဝန်ထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

နန်းမားမြို့ လျှပ်စစ်ဝန်ထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက်ရှိ လျှပ်စစ်ရုံးဝန်းထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ လူငယ် ၂ ဦးကို အာဏာသိမ်းစစ်တပ်က စစ်ကား ၃ စီးဖြင့် လျှပ်စစ်ရုံးဝင်းအတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နန်းမားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“လျှပ်စစ်ရုံးအတွင်းမှာကို ဝင်ဖမ်းသွားတယ်လို့ သူတို့ရဲ့ အရာရှိတစ်ယောက်က ကျနော့်ဆီ အကြောင်းကြားလာတယ်။ ဘယ်တပ်က ဖမ်းတယ်ဆိုတာလည်း မသိရဘူးတဲ့။ အခုက စုံစမ်းနေဆဲလို့ဘဲပြောနေတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးမှာ လျှပ်စစ်ဝန်ထမ်း အသက် ၂၅ နှစ်အရွယ် ကိုအောင်ဆန်းဝင်း နှင့် ၂၆ နှစ်အရွယ် ကိုကျော်ကျော် တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသည့်အပြင် အဆက်အသွယ်မရရှိသေးကြောင်း သူက ဆက်ဆိုသည်။

နန်းမားမြို့တွင် အာဏာသိမ်းစစ်တပ်က ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေပြီး လက်ရှိချိန်အထိ ဖမ်းဆီးခံထားရသည့် သူများလည်းရှိနေသည်။

မြစ်ကြီးနားမြို့လယ် ကျောက်စိမ်းတိုင်အနီးတွင်လည်း ယမန်နေ့ညနေပိုင်း ၄ နာရီခွဲဝန်းခန့်က လူငယ် ၇ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...