နန်းမားမြို့ လျှပ်စစ်ဝန်ထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

နန်းမားမြို့ လျှပ်စစ်ဝန်ထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက်ရှိ လျှပ်စစ်ရုံးဝန်းထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ လူငယ် ၂ ဦးကို အာဏာသိမ်းစစ်တပ်က စစ်ကား ၃ စီးဖြင့် လျှပ်စစ်ရုံးဝင်းအတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နန်းမားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“လျှပ်စစ်ရုံးအတွင်းမှာကို ဝင်ဖမ်းသွားတယ်လို့ သူတို့ရဲ့ အရာရှိတစ်ယောက်က ကျနော့်ဆီ အကြောင်းကြားလာတယ်။ ဘယ်တပ်က ဖမ်းတယ်ဆိုတာလည်း မသိရဘူးတဲ့။ အခုက စုံစမ်းနေဆဲလို့ဘဲပြောနေတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးမှာ လျှပ်စစ်ဝန်ထမ်း အသက် ၂၅ နှစ်အရွယ် ကိုအောင်ဆန်းဝင်း နှင့် ၂၆ နှစ်အရွယ် ကိုကျော်ကျော် တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသည့်အပြင် အဆက်အသွယ်မရရှိသေးကြောင်း သူက ဆက်ဆိုသည်။

နန်းမားမြို့တွင် အာဏာသိမ်းစစ်တပ်က ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေပြီး လက်ရှိချိန်အထိ ဖမ်းဆီးခံထားရသည့် သူများလည်းရှိနေသည်။

မြစ်ကြီးနားမြို့လယ် ကျောက်စိမ်းတိုင်အနီးတွင်လည်း ယမန်နေ့ညနေပိုင်း ၄ နာရီခွဲဝန်းခန့်က လူငယ် ၇ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...