မအူပင်မြို့ရှိ ဒလန်ဟုနာမည်ကြီးနေသူ ပစ်ခတ်ခံရ

မအူပင်မြို့ရှိ ဒလန်ဟုနာမည်ကြီးနေသူ ပစ်ခတ်ခံရ

ဧရာဝတီတိုင်း မအူပင်မြို့ အမှတ် (၉) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ဒလန်ဟုနာမည်ကြီးနေသူ ကိုရာချစ်ဆိုသူ ပစ်ခတ်ခံရကြောင်း သိရသည်။

“သေနတ်နဲ့လှမ်းပစ်တာ မထိလိုက်ဘူးလို့ပြောတယ် သူနဲ့ သူ့ယောက်ဖ ဦးမင်းမောင်က ဒလန်လို့ ကြေညာခံထားရသူတွေပါ” ဟု မအူပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဦးမင်းမောင်မှာ မအူပင်မြို့ရှိ မော်တော်ယာဉ်ပြေးဆွဲရေးကော်မတီ (မဆက) ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးဖြစ်သည်။

အခုကဲ့သို့ ပြစ်ခတ်မှုသည် မြစ်ဝကျွန်းပေါ် ပျောက်ကြားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း DGWCF အဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

“ပစ်တာဟုတ်တယ် မထိလိုက်ဘူး၊ ဒလန်တွေကို သတိပေးတာ” ဟု မြစ်၀ကျွန်းပေါ် ပျောက်ကြားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်များက မြို့တွင်းပိတ်ဆို့စစ်ဆေးမှုများ မြို့အဝင်/အထွက်ဂိတ်များတွင် တင်းတင်းကြပ်ကြပ် စစ်ဆေးလုပ်ဆောင်နေ‌ကြောင်း မြို့ခံများထံမှ သိရသည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...