ဖျာပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

ဖျာပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

ဖျာပုံမြို့ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချိုပုဆိုသူကို အမည်မသိ သေနတ်သမားတစ်ဦးက စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီခန့်တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ခြင်းခတ်ပြီး ပြန်လာသည့် ဦးချိုပုကို အမည်မသိ သေနတ်သမားတစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးချိုပု၏ပေါင်တွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"ဦးချိုပုကို ဆိုင်ကယ်နဲ့လိုက်ပြီးပစ်တာ ပထမတစ်ချက်ကလွဲပြီး နောက်တစ်ချက်မှာ ပေါင်ကိုထိသွားတယ်လို့ ပြောတယ်ဗျ။ ဖြစ်သွားတဲ့နေရာကို ဒလန်တွေနဲ့ ရဲတွေပဲ သေသေချာချာသွားကြည့်ရဲတာ ကျန်တဲ့သူက သေသေချာချာသွားမကြည့်ရဲဘူး။ တရားခံလို့စွပ်စွဲပြီးဖမ်းမှာ ကြောက်လို့ပါ" လို့ ဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်ရပ်အပြီးတွင် အကြမ်းဖက်စစ်အုပ်စုနှင့်ရဲများက ပိတ်ဆို့ရှာဖွေမှုများနှင့် မတရားဖမ်းဆီးမှုများ ပြုလုပ်လာမည်ကို ပြည်သူလူထုက စိုးရိမ်နေကြသည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...