ရဲဝန်ထမ်းအိမ်ရာကို ဗုံးခွဲခဲ့ကြောင်း ဗိဿနိုး PDF ဆို

ရဲဝန်ထမ်းအိမ်ရာကို ဗုံးခွဲခဲ့ကြောင်း ဗိဿနိုး PDF ဆို

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်ရှိ ရဲဝန်ထမ်းအိမ်ရာကို ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၅ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဗိဿနိုးနယ်မြေ PDF က လူမူကွန်ရက်စာမျက်နှာကတဆင့် အသိပေး‌ရေးသားထားသည်။

ရဲဝန်ထမ်းအိမ်ရာ ဗုံးခွဲမှုနှင့် ပတ်သက်ပြီး “ပြည်သူလူထုနှင့်အတူ ရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီ အလိုကျ တာဝန်ထမ်းဆောင်နေသည့် CDM ဆောင်ရွက်ခြင်းမရှိသော ရဲဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ပြည်သူအတူ အမြန်ဆုံးရပ်တည်သွားရန်" ဟု ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဆိုထားသည်။

လက်ရှိအချိန်တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို မဇ္ဈိမက ဆက်လက်စုံစမ်းလျက်ရှိသည်။

ဗိဿနိုးနယ်မြေ ပြည်သူကာကွယ်ရေးတပ်မတော်က အခွန်အခများ အတင်းအကျပ် ကောက်ခံလျက်ရှိသည့် မြို့သစ်မြို့နယ် မြို့နယ်စည်ပင်သာယာရုံးကို စက်တင်လဘာ ၄ ရက် ည ၇ နာရီကျော်ခန့်ကလည်း ဗုံးခွဲတိုက်ခဲ့သေးသည်။

စက်တင်ဘာ ၁ ရက်ညနေ ၆ နာရီခွဲခန့်က မြို့သစ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားပြီး ဒေသခံများက စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ထားသည့် အိုင်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်စိုးမင်းကို ၎င်း၏နေအိမ်ဝင်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခဲ့‌သေးကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...