မွန်ဗီဒီယိုဒါရိုက်တာ မာံၜိုဟ်သြိုဟ် အသက် (၆၄ ) နှစ် ကွယ်လွန်

မွန်ဗီဒီယိုဒါရိုက်တာ မာံၜိုဟ်သြိုဟ် အသက် (၆၄ ) နှစ် ကွယ်လွန်

မွန်ဗီဒီယိုဒါရိုက်တာ မာံၜိုဟ်သြိုဟ် (ခေါ်) မောင်အေး အသက် (၆၄) နှစ်သည် ယမန်နေ့မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်ဆေးရုံကြီး၌ ကိုဗစ်ရောဂါဝေဒနာဖြင့် ကွယ်လွန်ခဲ့ပြီး ပငကျေးရွာသုဿာန်တွင် နေ့တွင်းချင်း မီးသၚ်္ဂြိုလ်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

“၂၂ ရက်နေ့က သံဖြူဇရပ်ဆေးရုံကြီးကို တက်လာကတည်းက စိုးရိမ်ရတဲ့အနေအထားပါ၊ အဲဒီနေ့မှာလည်း အခြေအနေမကောင်းလှဘူး၊ ကိုဗစ်ရောဂါအနေအထားက အားလုံးသိကြတဲ့အတိုင်းပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် လာပြီးအားပေးစကားပြောဆိုဖို့လည်း မဖြစ်နိုင်ပါဘူး၊ ဆရာဝန်တွေကလည်း အတတ်နိုင်ဆုံးကြိုးစားကုသပေးတာပဲ၊ နောက်ဆုံးတော့ ကျနော်တို့ရဲ့ ဒါရိုက်တာကြီးတစ်ယောက် အချိန်မရောက်သေးပဲ ဆုံးရှုံးသွားရတာပေါ့နော်” ဟု ပငကျေးရွာသားလူငယ်တစ်ဦးက ပြောသည်။

မာံၜိုဟ်သြိုဟ်သည် ၁၉၉၀ ခုနှစ်မှစတင်၍ မွန်ဘာသာဖြင့် ဗီဒီယိုဇာတ်ကားများကို ဒါရိုက်တာအဖြစ် ရိုက်ကူးထုတ်လုပ်ခဲ့သည့်အပြင် မွန်သီချင်းတိတ်ခွေစီးရီးများ၊ မွန်ဗီဒီယိုကာရာအိုကေသီချင်းဒါရိုက်တာ ထုတ်လုပ်သူ၊ ရှင်ပြုမၚ်္ဂလာဆောင်အလှူမှတ်တမ်းများနှင့် မွန်အမျိုးသားများ၏ အထိမ်းအမှတ်ပွဲတော်များကို ကိုယ်တိုင်ရိုက်ကူးတည်းဖြတ် မှတ်တမ်းတင်ခဲ့သူတစ်ဦးအဖြစ် ထင်ရှားသည်။

ကွယ်လွန်ချိန်တွင် ဇနီး၊ သားသမီး ၃ ဦးနှင့်မြေးများတို့က ဇာတိ ပငကျေးရွာတွင် ကျန်ရစ်ခဲ့ပြီး ဖခင် နိုင်ပါရီး၊ မိခင် မိစိန်တင်တို့၏ သားသမီး ၄ ဦးအနက် သားအကြီးဆုံးဖြစ်သည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...