သံဖြူဇရပ် မိန်ဗလာတောင်ကို ပြန်လည်တူးဖော်မည်

သံဖြူဇရပ် မိန်ဗလာတောင်ကို ပြန်လည်တူးဖော်မည်
သံဖြူဇရပ် မိန်ဗလာတောင်ကို ပြန်လည်တူးဖော်မည်
သံဖြူဇရပ် မိန်ဗလာတောင်ကို ပြန်လည်တူးဖော်မည်

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် တူးဖော်ရေးမအောင်မြင်ဖြစ်ခဲ့သည့် သံဖြူဇရပ် မိန်ဗလာတောင်ကို မကြာမီပြန်လည်တူးဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝယ်ကဝါကျေးရွာ အုပ်ချုပ်ရေးမှူးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဝယ်ကဝါကျေးရွာအပိုင် မိန်ဗလာတောင်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်စခန်းတစ်ခုဖြစ်ခဲ့သည့်အတွက် စစ်ကျန်ရတနာသိုက်များ ကျန်ရှိနိုင်သေးကြောင်း ယူဆပြောဆိုမှုများ ရှိနေသည်။

ဝယ်ကဝါကျေးရွာအုပ်ချုပ်ရေးမှူး နိုင်မျိုးသန့်က “အခုကုမ္ပဏီက သူတို့အလုပ်လုပ်ဖို့ မြေ ၂ ဧကဝယ်ယူဖို့ စီစဉ်ထားပြီးပြီ၊ လာမယ့် ၂၂ ရက်နေ့မှာ ငွေရှင်းပြီး စာချုပ်ချုပ်ဖို့ရှိတယ်၊ ပြည်နယ်က အကြီးအကဲတွေလည်း ရောက်လာမယ်လို့ဆိုတယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဘာတွေလုပ်ဆောင်ရမလဲ လိုအပ်တာညွှန်ကြားဖို့ တူးမယ့်နေရာကို လာကြည့်မယ်လို့လည်း သိရတယ်” ဟု ဆိုသည်။

အကယ်၍ သဘာဝဝန်းကျင်ထိခိုက်မှုရှိလာပါက မိုးရာသီကာလတွင် မိန်ဗလာတောင်ကျရေများသည် သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များသို့ မိနစ်ပိုင်းအတွင်း ရေးလွှမ်းမိုးနိုင်သည့်အနေအထားတွင်ရှိနေကြောင်း ဘူမိဗေဒ ပညာရှင်အချို့၏ သုံးသပ်မှုများရှိခဲ့သည်။

သို့ရာတွင် မိန်ဗလာတောင် ရတနာသိုက်တူးဖော်မှု ကနဦးလေ့လာဆန်းစစ်ချက်အဖြစ် Royal Eagle Myanmar Development Group ကုမ္ပဏီလီမိတက်ကို ယခင် NLD အစိုးရလက်ထက်က ၂၀၁၈ ဧပြီလမှ စတင်ပြီး ၂၀၁၉ ခုနှစ်ကုန်အထိခွင့်ပြုခဲ့သော်လည်း ၂၀၂၀ ခု ဖေဖော်ဝါရီအတွင်း လုပ်ငန်းပိတ်သိမ်းချိန်တွင် အစီရင်ခံစာကို ပွင့်လင်းမြင်သာစွာ ချပြထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။

ထို့အတူ ယခင်မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၅/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ် (၂၆) အရ Royal Eagle Myanmar Development Group Co,Ltd ကို ခွင့်ပြုခဲ့သည့် Feasibility Study (ကနဦးစူးစမ်းလေ့လာခွင့်) ကို ပိတ်သိမ်းရာတွင် မြေပြင်ဆောင်ရွက်ထားရှိမှုများအား မူလအတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအတွက် သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန်ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသည်။

အဆိုပါကုမ္ပဏီမှ တူးဖော်ခဲ့သောလမ်းမြေသားနေရာများတွင် မိုးအခါရေတွင်းနက်ကြီးဖြစ်ပေါ်ခဲ့ရာ မိန်ဗလာတောင်ဘုန်းကြီးကျောင်းသို့ ဝေယျာဝစ္စလာရောက်ဆောင်ရွက်ခဲ့သော ပငကျေးရွာမှ မိန်းခလေးငယ် (၃) ဦးနှင့် အသက် (၆၀) အမျိုးသမီးတစ်ဦးတို့ ၂၀၂၀ ဇွန်လအတွင်းက ၄ လောင်းပြိုင် လူသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း မီဒီယာများက ဖော်ပြကြသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...
August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...