ရခိုင်က မြို့နယ်နှစ်ခုတွင် ကိုဗစ်ရောဂါပိုးတွေ့သူနှင့် သေဆုံးသူဦးရေ လျှော့ကျခြင်းမရှိသေး

ရခိုင်က မြို့နယ်နှစ်ခုတွင် ကိုဗစ်ရောဂါပိုးတွေ့သူနှင့် သေဆုံးသူဦးရေ လျှော့ကျခြင်းမရှိသေး

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူအရေအတွက်မှာ ယခုတပတ်အတွင်း လျော့နည်းလာသော်လည်း ဂွမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် လျှော့နည်းသွားခြင်းမရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ မောင်တော၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ အမ်း၊ မြောက်ဦး၊ ရသေ့တောင်နှင့် မာန်အောင်မြို့နယ်တို့ ကိုဗစ်တတိယလှိုင်းပထမသုံးလထက် ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူများ လျော့နည်းလာနေသည်။

သို့သော် ဂွမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် လျော့ကျလာခြင်းမရှိသေးခြင်းကြောင့် ယင်းနှစ်မြို့နယ်သို့ Stay at Home မြို့နယ်များမှလာရောက်မည့်သူများကို Home Quarantine တစ်ပတ်ထားရှိရန် စီစဉ်နေကြောင်း ပြည်နယ်ကောင်စီမှ သိရသည်။

“ရခိုင်ပြည်နယ်မှာ ကိုဗစ်အရှိန်က အခုဆိုရင်လျော့နည်းလာတယ်လို့ပြောလို့ရတယ်။ တော်တော်လေးကိုကျသွားတယ်။ အခုဆိုရင် ဆေးကုနေတာတောင် ၃၀၀ ကျော်လောက်ပဲရှိတော့တယ်။ ဒါပေမဲ့ ဂွနဲ့ ကျောက်ဖြူမှာတော့ ပိုးတွေ့လူနာတွေကမကျဘူး၊ သေဆုံးနှုန်းတွေလည်းရှိသေးတယ်။ အဲဒီမြို့နယ်တွေကို ကိုဗစ်ထိန်းချုပ်နိုင်ဖို့အတွက် ကျနော်တို့ဆောင်ရွက်နေပါတယ်” ဟု ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မေလ ၁၂ ရက်နေ့မှ သြဂုတ်လ ၁၉ ရက်နေ့အထိ ၄ လခန့်အတွင်း ကိုဗစ်အတည်ပြုလူနာများထဲမှ သေဆုံးသူစုစုပေါင်း ၅၈၆ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

ယင်းသို့ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၉၁) ဦး၊ မောင်တော (၁၈) ဦး၊ သံတွဲ (၃၂) ဦး၊ တောင်ကုတ် (၆၄) ဦး၊ ဘူးသီးတောင် (၅) ဦး၊ ကျောက်တော် (၁၈) ဦး၊ မင်းပြား (၁၁) ဦး၊ ဂွ (၁၆) ဦး၊ ကျောက်ဖြူ (၃၃) ဦး၊ ရမ်းဗြဲ (၇) ဦး၊ ပုဏ္ဏားကျွန်း (၉) ဦး၊ ပေါက်တော (၁၁) ဦး၊ အမ်း (၁၁) ဦး၊ မြောက်ဦး (၁၄) ဦး၊ ရသေ့တောင် (၇) ဦးနှင့် မာန်အောင် (၁၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

ကိုဗစ်စည်းကမ်းနဲ့ပတ်သက်ပြီး ပြည်သူလူထုများ စည်းကမ်းလိုက်နာရှိစေရန်နှင့် ကိုဗစ်စည်းကမ်းမလိုက်နာသူများကို တင်းကျပ်စွာ အရေးယူဆောင်ရွက်နေကြောင်း ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက DMG သို့ ပြောဆိုထားသည်။

ကိုဗစ်တတိယလှိုင်းကူးစက်မှု ဆက်လက်ရှိနေသေးသည့်အတွက် ရောဂါကူးစက်ခံရသည့်အန္တရာယ် လုံးဝမရှိတော့သည့်အခြေအနေကိုရောက်ရှိရန်အတွက် stay at home ကို အနည်းဆုံးအဖြစ် နောက်ထပ် (၁) ပတ်ခန့်နေထိုင်ရန် သြဂုတ်လ ၁၉ ရက်နေ့မှ သြဂုတ် ၂၅ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ထားသည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...