ဟားခါးမြို့ အချုပ်စခန်းရှိ အချုပ်သား ၂၅ ယောက်နှင့် အစောင့်ရဲ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့

ဟားခါးမြို့ အချုပ်စခန်းရှိ အချုပ်သား ၂၅ ယောက်နှင့် အစောင့်ရဲ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့

သြဂုတ်လ ၁၉ ရက်နေ့တွင် ဟားခါးမြို့ အချုပ်စခန်းရှိ အချုပ်သားများကို ကိုဗစ်စစ်ဆေးရာ အချုပ်သား ၂၅ ယောက်လုံးနှင့် ကင်းစောင့်ရဲ ၅ ယောက်တွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ဒေါက်တာပိုင်ကိုလင်းထံမှ သိရသည်။

"အချုပ်သားက ၂၅ ယောက်စစ်ဆေးတာ အကုန်လုံးပဲ ၂၅ ယောက်စလုံး ပိုးတွေ့တာပဲ၊ အစောင့်ဆရာတွေလည်း စစ်တယ်၊ ၇ ယောက်စစ်တယ် ၅ ယောက်မှာ ပိုးတွေ့တယ်။ ဆိုတော့ စစ်ဆေးတာက ၃၂ ယောက်ရှိမှာပေါ့၊ ပိုးတွေ့က ၃၀ ပေါ့။ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကပဲ သူတို့ရဲ့ guideline အတိုင်းပဲ သွားရမှာပေါ့၊ ကျွန်တော်တို့ကတော့ ပြောလို့မရဘူး။ ကျွန်တော်တို့ကတော့ သွားကြည့်ပေးဖို့ အကူညီတောင်းတဲ့အတွက် အချုပ်သားတွေလည်း လူနာပဲဆိုတော့ ကျွန်တော်တို့ကတော့ ဂရုတစ်စိုက်နဲ့ လုပ်ပေးပါတယ်။ ဒီနေ့လည်း ကျွန်တော် ပိုးသွားစစ်ရုံမဟုတ်ဘူး၊ oxygen နှင့် pressure တွေလည်းတိုင်းတယ်၊ ပြီးရင် အဖျားလည်းတိုင်းတယ်၊ ဆေးတွေလည်းအကုန်ပေးခဲ့ပါတယ်" ဟု ပြောသည်။

ယနေ့ ဟားခါးအချုပ်စခန်းရှိ အချုပ်သားများ ကိုဗစ်စစ်ဆေးမှုကို ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဟားခါးပြည်သူ့ဆေးရုံကို အကူအညီတောင်းရာမှ သွားရောက်စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...