ဟားခါးမြို့ အချုပ်စခန်းရှိ အချုပ်သား ၂၅ ယောက်နှင့် အစောင့်ရဲ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့

ဟားခါးမြို့ အချုပ်စခန်းရှိ အချုပ်သား ၂၅ ယောက်နှင့် အစောင့်ရဲ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့

သြဂုတ်လ ၁၉ ရက်နေ့တွင် ဟားခါးမြို့ အချုပ်စခန်းရှိ အချုပ်သားများကို ကိုဗစ်စစ်ဆေးရာ အချုပ်သား ၂၅ ယောက်လုံးနှင့် ကင်းစောင့်ရဲ ၅ ယောက်တွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ဒေါက်တာပိုင်ကိုလင်းထံမှ သိရသည်။

"အချုပ်သားက ၂၅ ယောက်စစ်ဆေးတာ အကုန်လုံးပဲ ၂၅ ယောက်စလုံး ပိုးတွေ့တာပဲ၊ အစောင့်ဆရာတွေလည်း စစ်တယ်၊ ၇ ယောက်စစ်တယ် ၅ ယောက်မှာ ပိုးတွေ့တယ်။ ဆိုတော့ စစ်ဆေးတာက ၃၂ ယောက်ရှိမှာပေါ့၊ ပိုးတွေ့က ၃၀ ပေါ့။ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကပဲ သူတို့ရဲ့ guideline အတိုင်းပဲ သွားရမှာပေါ့၊ ကျွန်တော်တို့ကတော့ ပြောလို့မရဘူး။ ကျွန်တော်တို့ကတော့ သွားကြည့်ပေးဖို့ အကူညီတောင်းတဲ့အတွက် အချုပ်သားတွေလည်း လူနာပဲဆိုတော့ ကျွန်တော်တို့ကတော့ ဂရုတစ်စိုက်နဲ့ လုပ်ပေးပါတယ်။ ဒီနေ့လည်း ကျွန်တော် ပိုးသွားစစ်ရုံမဟုတ်ဘူး၊ oxygen နှင့် pressure တွေလည်းတိုင်းတယ်၊ ပြီးရင် အဖျားလည်းတိုင်းတယ်၊ ဆေးတွေလည်းအကုန်ပေးခဲ့ပါတယ်" ဟု ပြောသည်။

ယနေ့ ဟားခါးအချုပ်စခန်းရှိ အချုပ်သားများ ကိုဗစ်စစ်ဆေးမှုကို ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဟားခါးပြည်သူ့ဆေးရုံကို အကူအညီတောင်းရာမှ သွားရောက်စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...