ကျိုက်မရောမြိုနယ် ပေါလောကျေးရွာတွင် အရေးပေါ်ကူညီမှုများလိုအပ်နေ

ကျိုက်မရောမြိုနယ် ပေါလောကျေးရွာတွင် အရေးပေါ်ကူညီမှုများလိုအပ်နေ

ကျိုက်မရောမြိုနယ်အတွင်း ယခင်လက ရက်ရှည်ကြာစွာ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ပေါလောကျေးရွာ၌ ကိုဗစ်ကူးစက်မှုဒဏ် ဆက်လက်ခံစားနေရသဖြင့် အရေးပေါ်ကူညီမှုများ လိုအပ်နေကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ပေါလောကျေးရွာ၌ ယခု ၅ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၀ ကျော် သံသယလူနာ ၃၀ ကျော်နှင့် လူနာ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသူ အားနည်းမှုကြောင့် ကိုဗစ်စည်းကမ်းအတိုင်း လိုက်နာနေထိုင်သူ မရှိသလောက်ဖြစ်နေကြောင်း ပရဟိတလုပ်ငန်းဆေးင်ရွက်နသေူ မိစန္ဒာနွန်က မွန်သတင်းအေဂျင်စီကို ပြောသည်။

“သူတို့က ရေကြီးတဲ့ဒဏ်လည်းခံထားရတယ် ဒီဒေသမှာ ရေးကြီးပြီးဆိုရင်လည်း လွယ်လွယ်နဲ့မကျဘူးလေ၊ နေမကောင်းဖြစ်ကြတာကို တုပ်ကွေးလို့ပဲ ထင်နေကြတယ် ကိုဗစ်မှန်းသိတဲ့အချိန်က တော်တော်လေးကိုနောက်ကျနေပြီ အသိပညာပေးတာ အားနည်းတာလည််းပါတယ် ရွာသားတွေက အခြေခံလူတန်စားတွေပဲ ဖြစ်ကြတယ်” ဟု မိစန္ဒာနွန်က ဆိုသည်။

လတ်တလော ကိုဗစ်ကူးစက်မှု မြင့်တက်နေချိန်တွင်် ကိုဗစ််အကာအကွယ်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် ကျန်းမာရေးဝန်ထမ်းများ မရှိသောကြောင့် လက်ရှိတွင် ပရဟိတအဖွဲ့များနှင့် ဆရာဝန်များကို ချိတ်ဆက်၍ အကူညီတောင်းခံလျှက်ရှိကြောင််း သူမကဆက််ပြောသည်။

အမှန်တကယ်လိုအပ်နေသော ကျန်းမာရေးအကူအညီများကို မနက်ဖန် သြဂုတ် ၂၀ ရက်နေ့ နံနက်တွင် မော်လမြိုင်မြို့မှ ဒေါက်တာ သက်ကျော်စိုးနှင့်အဖွဲ့ အခမဲ့ လာရောက်ကုသပေးမည်ဖြစ်ပြီး ဆေးဝါးကုန်ကျငွေများကို ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့မှ အကုန်ကျခံပေးမည်ဖြစ်ကြောင်း မိစန္ဒာနွန်ထံမှ သိရသည်။

အစိုးရမှခန့် သားဖွားဆရာမတစ်ဦးသာရှိသည် ပေါလောကျေးရွာတွင် ဆေးပေးခန်းကိုလည်း ပိတ်ထားသောကြောင့် ဒေသခံများက ရွာနှင့်မိုင် ၂၀ နီးပါးသည့် ကျိုက််မရောဆေးရုံကိုသာ အားကိုးနေရကြောင်း၊ ပေါလောကုန်းနှင့် ပေါလောကျွန်းဟူ၍ နှစ်မျိုးရှိရာ စုစုပေါင််းအိမ်ခြေ ၄၀၀ ကျော်ရှိပြီး အတ္တရံကျေးရွာအုပ်စု၌ ပါဝင်လျက်ရှိသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...
August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...