ရခိုင်ပြည်အတွင်း stay at home တစ်ပတ်ထပ်တိုးကြောင်း ULA ထုတ်ပြန်

ရခိုင်ပြည်အတွင်း stay at home တစ်ပတ်ထပ်တိုးကြောင်း ULA ထုတ်ပြန်

ရခိုင်ပြည်အတွင်း Stay at home ကာလကို တစ်ပတ်ထပ်တိုးသတ်မှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကိုဗစ်တတိယလှိုင်းသည့် ဆက်လက်ရှိနေသည့်အတွက် ရောဂါကူးစက်ခံရသည့်အန္တာရာယ် လုံးဝမရှိတော့သည့်အခြေအနေကို ရောက်ရှိရန်အတွက် syat at home ကို အနည်းဆုံးအဖြစ် နောက်ထပ် (၁) ပတ်ခန့်နေထိုင်ရန် သြဂုတ်လ ၁၉ ရက်နေ့မှ သြဂုတ် ၂၅ ရက်နေ့အထိ ထပ်မံတိုးမြင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းအပြင် ကိုဗစ်ရောဂါပိုးတွေ့သူများမှာ လုံးဝရပ်တန့်လာသည့်အနေအထားမျိုးမဟုတ်ဘဲ ရောဂါပိုးတွေ့လူနာသစ်များမှာ ရခိုင်ပြည်၏ မြို့နယ်အများစု၌ သြဂုတ်လ ၁၈ ရက်နေ့ ညနေ့အထိ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် ရောဂါပိုးကူးစက်ပျံ့နှံ့နှုန်းမှာ ကူးစက်ခံရသူ အရေအတွက် သိသိသာသာလျော့ဆင်းသွားသည်ကိုတွေ့ရခြင်းမှာ ရခိုင်ပြည်သူ၊ပြည်သားများမှ မလိုအပ်သည့်အသွားအလာများကို ဆင်ခြင်ပြီး ကိုယ့်အိမ်အတွင်းကိုယ် အတတ်နိုင်ဆုံးနေထိုင်သည့် အကျိုးရလဒ်ဖြစ်ကြောင်းလည်း ULA က ဆိုသည်။

ULA အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၁၈ ရက်နေ့အထိ stay at home ကာလကို နှစ်ပတ်တစ်ကြိမ်စီထုတ်ပြန်ခဲ့ပြီး ယခု တတိယအကြိမ် ထုတ်ပြန်ရာတွင် တစ်ပတ်ခန့်သာ ထုတ်ပြန်လာခြင်းဖြစ်သည်။

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...