ရခိုင်တွင်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် ရေယာဉ်များကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြေးဆွဲခွင့်ပြုထားကြောင်းပြော

ရခိုင်တွင်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် ရေယာဉ်များကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြေးဆွဲခွင့်ပြုထားကြောင်းပြော

ရခိုင်ပြည်အတွင်း ပြေးဆွဲလျှက်ရှိသည့် ခရီးသည်တင်ကားများနှင့် ရေယာဉ်များကို ပိတ်ပင်ထားခြင်းမရှိဘဲ ကိုဗစ်စည်းကမ်းနှင့်အညီ ပြေးဆွဲခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG ကိုပြောသည်။

လက်ရှိတွင် ကားများမှာ ပုံမှန်ပြေးဆွဲလျှက်ရှိနေပြီး COVID-19 ကာလအတွင်း သတ်မှတ်ထားသည့် ကပ်ရောဂါစည်းကမ်းနှင့်အညီ ပုံမှန်လူဦးရေထက်လျော့ချကာ ပြေးဆွဲစေသည့်အတွက် ကားဈေးနှုန်း မြင့်တက်ရခြင်းများရှိသည်ဟု ရဲမှူးကြီးသက်လွင်က ပြောသည်။

“လောလောဆယ်တော့ ကားတွေကတော့ ပုံမှန်ပြေးနေတာပေါ့။ တစ်ချို့ကကားခတွေဈေးနှုန်း ၃ ဆတက်တယ်လို့ ပြောတာတွေရှိတယ်။ အဲဒါတွေကတော့ ဒီ COVID ကာလမှာ သူတို့က သတ်မှတ်ထားတဲ့ခုံတွေပေါ့။ လူ ၃၀ တင်ရမဲ့ဟာကို ၁၀ ယောက်တည်းတင်တာမျိုးတွေလုပ်လို့ ဈေးကတော့ မြင့်တက်သွားတယ်လို့ သိရတယ်။ လက်ရှိကတော့ ကားတွေ ပုံမှန်ပြေးဆွဲနေကြပါတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့မှ ကုန်စည်ပို့ဆောင်တာတွေ နည်းနည်းကျဲ့သွားတာပေါ့” ဟု ၎င်းကပြောသည်။

လက်ရှိရခိုင်ပြည်တွင် ကုန်းလမ်းပြေးဆွဲနေသည့် ကားများသည် စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦး-မင်းပြား အစရှိသည့် မြို့နယ်များကို ပြေးဆွဲနေကြောင်း သိရသည်။

ယင်းကဲ့သို့ပုံမှန်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများမှာ ကားတစ်စီးလျှင် ယခင်ကခရီးသည် ၁၀ ဦးအထက်တင်ခွင့်ရသော်လည်း ယခုအခါကိုဗစ်စည်းကမ်းချက်နှင့်အညီ ခရီသည် ၃ ဦးသာတင်ဆောင်ပြေးဆွဲနေရပြီး အသွားအပြန်ဆီဈေးနှုန်းကုန်ကျငွေနှင့် မကိုက်သည့်အတွက် ယာဉ်စီးခကို ပိုမိုကောက်ခံနေရခြင်းဖြစ်ကြောင်း မြောက်ဦး-စစ်တွေပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက DMG ကို ပြောကြားထားသည်။

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကာကွယ်ရန်အတွက် စစ်တွေ-မြေပုံ-ကျောက်ဖြူ ကစ္ဆပနဒီအမြန်ရေယာဉ်အား ယာယီရပ်နားထားခဲ့ရာမှ ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့က ပြန်လည်ပြေးဆွဲခွင့်ပေးထားကြောင်းလည်း ပြည်နယ်ကောင်စီမှသိရသည်။

စီးပွားရေးလုပ်ငန်းရှင်များပြေးဆွဲလျှက်ရှိနေသည့် ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန် စသည့်ရေကြောင်းအမြန်ယာဉ်များမှာလည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က ယာယီရပ်ဆိုင်းထားခြင်းများရှိခဲ့ပြီး လက်ရှိတွင် အဆိုပါအမြန်ရေယာဉ်များ ပြေးဆွဲမည်ဆိုလျှင်လည်း ပြေးဆွဲခွင့်ပြုသည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG သို့ပြောကြားသည်။

“ကျနော်တို့ဖက်ကတော့ ရေကြောင်းအမြန်ရေယာဉ်တွေကို ပြေးဆွဲခွင့်ကို ဘာမှကန့်သတ်ထားတာတော့မရှိဘူး။ ကျန်းမာရေးကြောင့်ဆိုပြီးတော့ သူတို့ကရပ်ဆိုင်းထားတာ။ သူတို့အမြန်ရေယာဉ်တွေနဲ့ပတ်သက်ပြီးတော့ ပြေးဆွဲမယ်ဆိုရင်လည်း ပြေးဆွဲလို့ရတယ်” ၎င်းကပြောသည်။

လက်ရှိရပ်နားထားသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှာ စစ်တွေ-မြေပုံ-မင်းပြား၊ စစ်တွေ-ကျောက်ဖြူ-ကျောက်နီမော်-ရမ်းဗြဲ၊ စစ်တွေ-တောင်ကုတ်-မာန်အောင်၊ စစ်တွေ-ပေါက်တော၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် မြိုနယ်တို့ကိုပြေးဆွဲပြီး မလိခအမြန်ရေယာဉ်မှာလည်း စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်မြို့နယ်များသို့ ပြေးဆွဲကြခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...