အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံး

အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံး

ရေးမြို့နယ် အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကို အသက် (၅၁) နှစ်သည် ၄င်း၏ဥယာဥ်ခြံသို့ သွားသည့်ကားလမ်းဘေး၌ ယမန်နေ့ ညနေပိုင်းက ထိုးသွင်းဒဏ်ရာဖြင့် လဲကျလျက်တွေ့ရှိရပြီး ရေးမြို့ဆေးရုံကြီးအရောက်တွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။  

အစင်ကျေးရွာ ဝယ်ပွဲ-ဖယ်ဝီးရပ်ကွက် ကားလမ်းဘေး၌ ဦးကိုကို၏ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ပက်လက်လှန်လဲကျလျက် သွားရောက်ကြည့်ရှုခဲ့သည့် ဇနီးဖြစ်သူ ဒေါ်မိုးမိုးဝင်း တွေ့ရှိခဲ့ရပြီး အလုပ်သမားများနှင့်အတူ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရေးမြို့မ ရဲစခန်းမှူး ဒု-ရဲမှူး ဝင်းမြင့်က “သူက ဖယ်ဝီးခြံကနေ ညနေ ၅ နာရီလောက် လမ်းမှာ အထိုးခံရပြီး သတိလစ်လဲကျနေတယ်၊ လမ်းမှာတွေ့တဲ့လူက လာပြောပြတယ်၊ တရားခံစုံစမ်းဆဲပဲ မျက်မြင်သက်သေလည်း မပေါ်သေးဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အခင်းမဖြစ်ပွားမီ နာရီပိုင်းအလိုတွင် ၄င်း၏ဥယျာဉ်ခြံသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာသွားခဲ့ရာမှ ယင်းသို့ လက်သည်မပေါ် လုပ်ကြံခံ သေဆုံးရခြင်းဖြစ်ကြောင်း အစင်ကျေးရွာသားတစ်ဦးက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရေးမြို့မရဲစခန်း၏ (ပ) ၈၄/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ အရ သေဆုံးသူဇနီးမှ အမှုဖွင့်လှစ်၍ ရေးမြို့မရဲစခန်းမှူးက စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အလားတူ အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ USDP အလုပ်အမှုဆောင် ဦးမောင်အုန်း နေအိမ်အတွင်းသို့ ဇူလိုင် ၂၉ ရက် ညဦးပိုင်းအချိန်က အမည်မသိလူ ၂ ဦးမှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့သဖြင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်သို့ ပို့ဆောင်ခဲ့ရသည်။

ပင်လယ်တံငါလုပ်ငန်း အဓိကလုပ်ကိုင်ကြသည့် အစင်ကျေးရွာတွင် ရပ်ဝေးမှ ရွှေ့ပြောင်းလာရောက်နေထိုင်သူ ဗမာတိုင်းရင်းသားအများစုနေထိုင်လျက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ ၂၀၂၀ ရွေးကောက်တွင် အဓိကယှဥ်ပြိုင်ခဲ့သည့် ကျေးရွာအုပ်စုတစ်ခုဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...
August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...