ရခိုင်ပြည်သူများ စည်းစည်းရုံးရုံးနှင့် တော်လှန်ရေးသတိရှိရန် လိုအပ်သေးကြောင်း AA တပ်မှူးချုပ်ပြော

ရခိုင်ပြည်သူများ စည်းစည်းရုံးရုံးနှင့် တော်လှန်ရေးသတိရှိရန် လိုအပ်သေးကြောင်း AA တပ်မှူးချုပ်ပြော

ရက္ခိုင့်တပ်တော် (ULA/AA) ၏ တော်လှန်ရေးခရီးတစ်လျှောက်တွင် ရခိုင်ပြည်သူများအနေဖြင့် တာဝန်ကိုယ်စီ ကျေပွန်ကြကြောင်းနှင့် ဆက်လက်ပြီး စည်းစည်းရုံးရုံးနှင့် တော်လှန်ရေးသတိရှိရန် လိုအပ်သေးကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ရခိုင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုခရီးထက်တွင် စည်းလုံးညီညွတ်မှုနှင့် တော်လှန်းရေးသတိမှာ အဓိကကျကြောင်း သြဂုတ် ၁၅ ရက်နေ့က အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနှင့် အင်တာဗျုးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခုကျနော်တို့မျိုးဆက်လက်ထက် ရခိုင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုခရီးထက်မှာ ရခိုင်ပြည်သူတွေ တာဝန်ကျေကြတယ်။ ရခိုင်ပြည်ထဲက ရခိုင်ပြည်သူဖြစ်ဖြစ်၊ အပြင်ကိုရောက်နေတဲ့သူတွေဖြစ်ဖြစ် အကုန်လုံးဟာ ကိုယ်စီတာဝန်ကျေပွန်ကြတယ်။ တိုက်ပွဲကာလထဲမှာဆိုရင်လည်း ပြည်သူတွေဟာ မညဉ်းမညူဘဲနဲ့ တတ်နိုင်တဲ့ဘက်ကပေးဆပ်ပြီးပါဝင်ကြတဲ့ ရခိုင်ပြည်သူ့တော်လှန်ရေးတစ်ရပ်ဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရှေ့ဆက်မည့်ခရီးများတွင်လည်း စိန်ခေါ်မှုများစွာရှိသေးကြောင်း၊ လူအင်အားအနေဖြင့် ချို့ယွင်းချက်မရှိသည့် ရက္ခိုင့်တပ်တော်တွင် လေ့ကျင်ပြီးသားလူငယ်များကို ပြုစုပျိုးထောင်ထားကြောင်းနှင့် နောက်ထပ် AA ထံဝင်လာမည့် လူများစွာရှိကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

AA အနေဖြင့် ကြားကာလတွင် တခြားအရင်းအမြစ်အပိုင်းဆိုင်ရာလိုအပ်ချက်များရှိနေသလို ယခုကာလတွင် သွေးကွဲအောင်ဖန်တီးပြောဆိုခြင်များရှိနေသည့်အတွက် စည်းစည်းလုံးလုံးနှင့် တော်လှန်ရေးသတိရှိရန် လိုအပ်ကြောင်း AA က ဆိုသည်။

“ဆက်လက်ပြီး ကျနော်တို့ စည်းစည်းလုံးလုံးရှိဖို့၊ တော်လှန်ရေးသတိရှိလိုတယ်။ တော်လှန်ရေးသတိဆိုတာက ဒီလိုကာလမျိုးမှာ ကျနော်တို့ကိုသွေးကွဲအောင် ဖန်တီးတာတွေ၊ ပြီးရင် ကျနော်တို့နဲ့ အတွေးအခေါ်မတူညီတဲ့ တချို့အင်အားစုလေးတွေရှိတယ်။ သူတို့တွေက တော်လှန်ရေးကာလရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို ထောက်ပြသလိုနဲ့ တောက်လျှောက်တိုက်ခိုက်ပြီး state building(နိုင်ငံတည်ဆောက်ရေး)အပိုင်းတွေမှာ အနှောက်အယှက် ပေးလာတာတွေရှိတယ်။ ပြီးရင် နိုင်ငံတကာနဲ့ ဆက်ဆံဖို့ကြိုးစားနေတဲ့အချိန်တွေမှာ ကျနော်တို့ရဲ့ဂုဏ်သိက္ခာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ထိုးနှက်နေတာတွေရှိတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

အဆိုပါသွေးထိုးလှုံဆော်မှုများကို ရခိုင်ပြည်သူများအနေဖြင့် မြင်အောင်ကြည့်ရန်လိုအပ်ကြောင်းနှင့် တည်ငြိမ်အောင်ထိန်းပြီး လက်ရှိအတိုင်းဆက်သွားရန် အရေးကြီးကြောင်း ၎င်းကပြောသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် တော်လှန်ရေးကို တော်လှန်းရေးအစပျိုးကာလ၊ တော်လှန်ရေးဆင်နွဲသည့်ကာလ၊ နှစ်ဖက်အားပြိုင်ပြီး တိုက်သည့်ကာလနှင့် တစ်ပြည်လုံးအတိုင်းအတာကို သိမ်းပိုက်သည့်ကာလအဖြစ် အဆင့်လေးဆင့်အဖြစ်သတ်မှတ်ထားပြီး လက်ရှိတွင် အဆင့်သုံး အနေအထားကိုရောက်ရှိနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...