ကပ်ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ငြိမ်းချမ်းရေး အမျိုးသားရင်ကြားစေ့ရေးဆောင်ရွက်ရန် ကရင်ပါတီ KNDP တိုက်တွန်း

ကပ်ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ငြိမ်းချမ်းရေး အမျိုးသားရင်ကြားစေ့ရေးဆောင်ရွက်ရန် ကရင်ပါတီ KNDP တိုက်တွန်း

ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ငြိမ်းချမ်းရေး အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းအားထုတ်ကြရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) မှ တိုက်တွန်းလိုက်သည်။

ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၁) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

“တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့သည့် ဆိုးရွားလှသော ကပ်ရောဂါဘေးကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ မမေ့မလျော့ ကြိုးပမ်းအားထုတ်ကြရန် အထူးလိုအပ်ပေးသည်” ဟု KNDP မှ တိုက်တွန်းထားသည်။

တိုင်းပြည်တည်ငြိမ်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုက်ရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) မှ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အကောင်အထည်မဖော်နိုင်သေးသလို NCA လက်မှတ်ရေးထိုးကြရန် ကျန်ရှိနေသည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်လက်ညှိနှိုင်းရန် လိုအပ်နေခြင်းကို အကောင်အထည်ဖော်ရန် ရှု့မြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စောဘဦးကြီးအပါအဝင် ကရင်အာဇာနည်ခေါင်းဆောင်ကြီးများသည် ကရင်ပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် အပတ်တကုတ် ကြိုးပမ်းအားထုတ်ရင်း ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ခံရခြင်းကြောင့် ကရင်တစ်မျိုးသားလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပြီး လွန်စွာဝန်းနည်းကြောင်း ထုတ်ပြန်ထားသည်။

စောဘဦးကြီးခံယူထားသည့် လက်နက်ချအညံ့ခံအရှုံးပေးခြင်းကို ကျွန်ုပ်တို့ အလျဉ်းမလုပ်၊ ကရင်ပြည်အသိအမှတ်ပြုရေး ပြီးပြည့်စုံရမည်၊ ကျွန်ုပ်တို့လက်နက် ကျွန်ုပ်တို့လက်ဝယ်၌သာ ထားရှိမည်၊ ကျွန်ုပ်တို့၏ နိုင်ငံရေးကြမ္မာ ကျွန်ုပ်တို့ဖာသာ ဖန်းတီးမည်ဟူသော အချက်များ ပါဝင်သည်။

ကရင်အပါအဝင် တိုင်းရင်းသားအားလုံး လက်ရှိတွေ့ကြုံခံစားနေရသော လူမှုရေးအနိဌာရုံ၊ စီးပွားရေးအခက်အခဲနှင့် နိုင်ငံရေးအကြပ်အတည်းများအပေါ် အထက်ပါ သဘောထားများသည် မိမိတို့အား ဆင်ခြင်တုံတရားအပြည့်အဝထားရှိရန် သတိပေးနှိုးဆော်ခဲ့သည် သမိုင်းဝင်မိန့်မှာချက်များ ဖြစ်သည်ဟု ဆိုသည်။

KNU တပ်မဟာ အသီးသီးတွင်လည်း ကရင်အာဇာနည်နေ့ အထိမ်းအမှတ်များကို ကျင်းပခဲ့ကြပြီး ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ဇာတိဖြစ်သော  ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ဘဲကရက်တွင် ကရင်အာဇာနည်နေ့ကို ကျင်းပခဲ့ရာတွင် စစ်တပ်လုံခြုံရေး၏ တားမြစ်ခြင်းခံရကြောင်း သတင်းရရှိသည်။

စောဘဦးကြီးသည် ၁၉၅၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကူးရွာသို့ ရောက်ရှိနေစဥ် တပ်မတော်စစ်ကြောင်းနှင့်ဖြစ်ပွားသည့် တိုက်ပွဲတစ်ခုတွင် ကျဆုံးခဲ့သည်။

Photo: အင်းစိန်တိုက်ပွဲအတွင်း အစိုးရနှင့်ဆွေးနွေးရန် လာရောက်သည့် စောဘဦးကြီး (ဝဲဘက် ဒုတိယမြောက်) ကို တွေ့ရစဉ်။

 
 

 

 

May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...