အမေရိကန်အစိုးရက မြန်မာအတွက် ဒေါ်လာသန်း ၅၀ ကူညီမည်

အမေရိကန်အစိုးရက မြန်မာအတွက် ဒေါ်လာသန်း ၅၀ ကူညီမည်

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ပေးအပ်ကူညီသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ (သြဂုတ် ၁၀) တွင် ပြောကြားလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်၏ အင်္ဂါနေ့ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

အမေရိကန်၏ အကူအညီများအား မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူများထံသို့ ပေးအပ်မည်ဖြစ်သလို ကျန်းမာရေးဝန်ဆောင်မှုများ၊ အစာရေစာနှင့် နားခိုစရာနေရာကဲ့သို့ အခြေခံလိုအပ်ချက်များ ကူညီထောက်ပံ့ပေးနေကြသည့် အဖွဲ့အစည်းများထံသို့ ပေးအပ်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သည် ထိုင်းနိုင်ငံအတွက်လည်း ကိုဗစ်-၁၉ ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန်ဒေါ်လာ ၅ သန်း ထောက်ပံ့မည်ဟု နက်ပရိုက်စ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမက်စ်ဂရင်းဖီး၏ ထိုင်းနိုင်ငံခရီးစဉ်တွင် ထောက်ပံ့ငွေအကြောင်းကို ကြေညာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ယခုရန်ပုံငွေသည် လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေသည့်အတွက် ထောက်ပံ့ခြင်းဖြစ်သလို ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံလုံးရှိ ပြည်သူများ၏ အသက်များအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကို လျော့ပါးသက်သာစေရန် အထောက်အကူဖြစ်စေမည်” ဟု နက်ပရိုက်စ်က ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချပြီး အာဏာရယူခဲ့သည့်နောက်ပိုင်း မြန်မာ့စီးပွားရေးသည် ပြိုလဲလျက်ရှိသည်။

လက်ရှိတွင်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ပျက်စီးနေသဖြင့် လူထုသည် ကိုဗစ်လှိုင်းအား ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။

နိုင်ငံတစ်ဝန်း ပြီးခဲ့သောလမှ စတင်၍ ကိုဗစ်ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်ခဲ့ရာ နေ့စဉ်ကူးစက်မှုမှာ ၃၀၀၀ ကျော် ၄၀၀၀ ဝန်းကျင်စီ ရှိနေသည်။ သြဂုတ်လ ၁၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကူးစက်မှုစုစုပေါင်း ၃၃၇၅၆၁ ရှိပြီး သေဆုံးသူ ၁၂၂၃၄ ဦးရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ပုံစာ - အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်။ (ဓာတ်ပုံ - Reuters)

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...