မြန်မာစစ်တပ်ခေါင်းဆောင် အာဏာဆက်လက်ချုပ်ကိုင်ရန် ရည်ရွယ်ထားပုံပေါ်ကြောင်း ကုလပြော

မြန်မာစစ်တပ်ခေါင်းဆောင် အာဏာဆက်လက်ချုပ်ကိုင်ရန် ရည်ရွယ်ထားပုံပေါ်ကြောင်း ကုလပြော
ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

မြန်မာစစ်တပ်ခေါင်းဆောင်များသည် အာဏာကို ခိုင်ခိုင်မာမာထိန်းချုပ်ရန် ဆုံးဖြတ်ထားပုံပေါ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သြဂုတ်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

ယခုလအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အိမ်စောင့်အစိုးရကြေညာချက်နှင့် ကိုယ်တိုင် ဝန်ကြီးချုပ်နေရာ ရယူထားခြင်း၊ NLD ပါတီ အနိုင်ရခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်းများကိုလည်း အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂျီနာက ထည့်သွင်းပြောကြားသွားသည်။

“NLD ပါတီကို ပယ်ဖျက်လိုက်ပြီဆိုတာမျိုးလည်း မကြာမီမှာ ကြားလာရမှာကို ကျွန်မ စိုးရိမ်မိပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာက အရေးယူဆောင်ရွက်မှု အားနည်းတဲ့အတွက် စစ်တပ်ဘက်က တရားဝင်မှုကို မြှင့်တင်နိုင်အောင် ကြိုးပမ်းတဲ့လုပ်ရပ် ဖြစ်ပါတယ်” ဟု ရှရာနာဘာဂျီနာက သတင်းထောက်များကို ပြောကြားသည်။

“ကုလသမဂ္ဂအဖွဲ့ကြီးဟာ အစိုးရတွေကို အသိအမှတ်မပြုပါဘူး၊ ဒီလို အသိအမှတ်ပြုမှုများဟာ အဖွဲ့ဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်တာဖြစ်တယ်ဆိုတဲ့အကြောင်း ကျွန်မ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်” ဟုလည်း သူမက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက တစ်စုံတစ်ရာ အပြောင်းအလဲ ဆောင်ရွက်မှုမရှိသေးသမျှ ကာလပတ်လုံး ကုလသမဂ္ဂ၌ မြန်မာသံအမတ် ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ တရားဝင်သံအမတ်အဖြစ် ရှိနေမည်ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့သည်လည်း မြန်မာ့ခေါင်းဆောင်များအဖြစ် ရှိနေမည်ဟု သူမက ပြောသည်။

မြန်မာစစ်တပ်ဘက်ကမူ မိမိတို့သည် အာဏာသိမ်းစစ်အစိုးရမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာပြီး အာဏာလွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း စောဒကတက်ထားသလို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် မြန်မာစစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို အစားထိုးခန့်အပ်လိုကြောင်း ပြောကြားထားသည်။

မြန်မာသံအမတ်အဖြစ် မည်သူ့ကို အတည်ပြုမည်ဆိုသည်မှာ အဖွဲ့ဝင်နိုင်ငံများအပေါ်တွင်သာ မူတည်ကြောင်း ရှရာနာဘာဂျီနာက ပြောကြားခဲ့သည်။

“ဒါဟာ ခုချိန်ထိ မအောင်မြင်သေးတဲ့ အာဏာသိမ်းမှုတစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ တရားမဝင်ပါဘူး။ ကျွန်မတို့မှာ NLD ရဲ့ တရားဝင်အစိုးရတစ်ရပ် ရှိထားဆဲပါ” ဟု သူမကပြောသည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...