ပြည်ပဝယ်ယူမှုများလာသောကြောင့် ရော်ဘာဈေးအနည်းငယ်မြင့်တက်လာ

ပြည်ပဝယ်ယူမှုများလာသောကြောင့် ရော်ဘာဈေးအနည်းငယ်မြင့်တက်လာ

ရော်ဘာများကို ပြည်ပနိုင်ငံများမှ ဝယ်ယူမှုများလာသောကြောင့် မွန်ပြည်နယ်ဈေးကွက်အတွင်း ဈေးအနည်းငယ်မြင့်တက်လာကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။



ပြည်နယ်ထွက် ရော်ဘာများကို လတ်တလောမှာ တရုတ်နိုင်ငံမှ အဓိက အများဆုံးဝယ်ယူနေတာဖြစ်ကြောင်း ပြည်နယ်ရော်ဘာလုပ်ငန်းရှင်အသင်းမှ ဦးအောင်ရွှေက ပြောသည်။



"ကိုဗစ်နည်းနည်းကင်းစင်လာတဲ့ နိုင်ငံတွေက စက်မှုနည်းနည်းစလာတယ်လေ။ စလာတယ်ဆိုတော့ ရော်ဘာက လိုအပ်တယ်လေ။ သူတို့မှာက လုပ်ငန်းစပြီဆိုတော့ လုပ်ငန်းလိုအပ်ချက်အရ ဝယ်လာကြတာပေါ့" ဟု ဦးအောင်ရွှေက ပြောသည်။



တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်လာသောကြောင့် သိုလှောင်ထားသူများသာမက တောင်သူများလည်း ဈေးကောင်းရလာကြောင်း ဆက်ပြောသည်။



ဩဂုတ်လ ၁၁ ရက်တွင် Local RSS 3 တစ်ပေါင် ၉၈၀ ကျပ်ထိ ပေါက်ဈေးရှိပြီး နေလှန်းခြောက် ဈေးနှုန်း ၁၀၀၀ ကျပ်ထိ ပေါက်ဈေးရှိလာကြောင်း၊ လက်ရှိ မွန်ပြည်နယ်ရော်ဘာဈေးကွက် ဈေးတက်လာသော်လည်း ထိုင်းနိုင်ငံဈေးကွက်တွင် Local RSS 3 တစ်ပေါင် ၁၂၀၀ ကျပ် ပေါက်ဈေးရှိနေသဖြင့် ထိုင်းဈေးကွက်ကို မမီသေးကြောင်း ဆက်ပြောသည်။



ဝယ်ယူလာမှု များသောကြောင့် ဈေးကွက်အတွင်းမှာ အဆင်မြင့်ရော်ဘာ RSS 1 ကုန်နေပြီဖြစ်ကြောင်း ရော်ဘာတောင်သူတစ်ဦးက ပြောသည်။



"RSS 1 ကတော့ မရှိတော့ဘူး။ ကုန်နေပြီ။ အခုက သိုလှောင်ထားတာတွေရော ရှိတာတွေရော အကုန်လုံးကို လိုက်ဝယ်နေတာ။ ရှိတာတွေတော့ ရောင်းနေရတာပေါ့" ဟု ၎င်းကပြောသည်။



တနိုင်ငံလုံး ရာဘာစိုက်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် မွန်ပြည်နယ်မှ တနှစ်လျှင် ရာဘာတန်ချိန် ၁ သိန်းကျော် ထုတ်လုပ်ကာ မြန်မာတနိုင်ငံလုံး ရာဘာထုတ်လုပ်မှု၏ ၄၉ ရာခိုင်နှုန်းခန့် ထွက်ရှိနေသော်လည်း ကမ္ဘာ့ဈေးကွက်ဝင် အရည်အသွေးမြင့် RSS 1, 2, 3 ရာဘာထုတ်လုပ်နိုင်မှုမှာ ရာခိုင်နှုန်းအနည်းငယ်သာရှိသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...
August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...