ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်၊ မီးရှို့နေ

ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်၊ မီးရှို့နေ

ဩဂုတ် ၁၀ ရက်၊ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းက ဒိုင်နတ်၊ မြို့ကြီး၊ မူးရိုးကုန်း၊ မြင်းတန့်၊ သပြေကုန်းစတဲ့ကျေးရွာတွေကို အာဏာသိမ်း အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ပြီး လူနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးကာ ကျေးရွာသားအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက မဇ္ဈိမကိုပြောပါတယ်။

ဒီနေ့မနက် လင်းအာကြီးအချိန်ကနေစပြီး အာဏာသိမ်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက ယုတ်ရင်းကြမ်းတမ်းတဲ့ ဆဲဆိုမှုတွေနဲ့အတူ သေနတ်တွေပစ်ဖောက်ပြီး ကျေးရွာတွေထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဒေသခံကျေးရွာသား ၂၀ ဝန်းကျင်အထိ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ဒိုင်နတ်ရွာကို အရင်ဆုံးစဝင်တယ်ဗျ။ မနက် ၆ နာရီကျော်လောက်က စဝင်တာ။ လမ်းတလျှောက်လုံးလည်း မိုးမွှန်အောင်ဆဲပြီး သေနတ်တွေနဲ့ရမ်းပစ်နေကြတာပဲ။ တွေ့တဲ့သူအကုန် လက်ပြန်ကြိုးတုပ်ပြီးဖမ်းတယ်။ အိမ်တွေမီးရှို့တယ်ဗျ။ အခု ကျုပ်တို့အကုန် ပြေးနေရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ ဩဂုတ် ၇ ရက်က သူတို့ရဲ့ယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အနီးအနားကကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ပြီး ဩဂုတ် ၈ ရက်နဲ့ ၉ ရက်နေ့ကလည်း ညောင်လှ၊ ဝဲကြီး၊ မရကန်၊ နများ (နွားများ) စတဲ့ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေပါ အသုံးပြုပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ မွေးမြူထားတဲ့ ဆိတ်တွေ၊ ဝက်တွေ သေဆုံးခဲ့ရပြီး ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...