ကောလင်းမြို့ ဗုံး ၂ လုံးပေါက်ကွဲ၊ ရဲအရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

ကောလင်းမြို့ ဗုံး ၂ လုံးပေါက်ကွဲ၊ ရဲအရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ ကားကြီးဝင်းအနီးမှာ ဒီနေ့ ဩဂုတ် ၉ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ရဲအရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လတ်တလောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကောလင်းမြို့ပေါ်မှာ ကားတွေနဲ့လှည့်လည်ပြီး ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေပြီး ရရှိတဲ့ သတင်းအချက်အလက်တွေကို ထပ်မံစုစည်းတင်ပြပေးပါမယ်။

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...