ကိုဗစ်ကာလတွင် အလှူရှင်နည်းလာ၍ မိဘမဲ့ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ABC ဖောင်ဒေးရှင်း အခက်အခဲကြုံနေ

ကိုဗစ်ကာလတွင် အလှူရှင်နည်းလာ၍ မိဘမဲ့ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ABC ဖောင်ဒေးရှင်း အခက်အခဲကြုံနေ

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းအတွင်း အလှူရှင်နည်းပါးလာသဖြင့် မိဘမဲ့ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ABC ဖောင်ဒေးရှင်းတွင် ကလေးငယ်များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အခက်အခဲ့ရှိနေကြောင်း ဖောင်ဒေးရှင်းတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ABC ဖောင်ဒေးရှင်းတွင် မွေးကင်းစမှ အသက် ၁၄ နှစ်အထိ မိဘမဲ့ကလေး ၅၉ ဦးကို စောင့်ရှောက်ပေးထားပြီး လက်ရှိတွင် ကလေးများအတွက် စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု ABC ဖောင်ဒေးရှင်းအုပ်ချုပ်ရေးမှူး ဦးလမင်းကျော်သူက DMG ကိုပြောသည်။

“ကိုဗစ်တတိလှိုင်းမှာတော့ သေဆုံးသူတွေလည်းများတယ်။ ရောဂါကူးစက်မှုလည်း တော်တော်ဖြစ်ကြတယ်ဆိုတော့ ABC ဖောင်ဒေးရှင်းမှာ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းလိုပဲ Lock down ပုံစံမျိုးလုပ်ထားပါတယ်။ ကလေးတွေရဲ့ အလှူငွေကတော့ အရင်တုန်းကနဲ့မတူဘူး။ အလှူငွေကတော့ တော်တော်လေးကို ကျဆင်းသွားပါတယ်” ဟု ဆိုသည်။

ထိုသို့ အလှူငွေကျဆင်းလာခြင်းကြောင့် ကလေးများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စတို့ကို ဖောင်ဒေးရှင်း၏ ရန်ပုံငွေဖြင့် ကျွေးမွေးစောင့်ရှောက်နေရကြောင်းလည်း သိရသည်။

ABC ဖောင်ဒေးရှင်းသို့ လှူဒါန်းရန် စာရင်းပေးသွင်းထားသူတချို့မှာလည်း လက်ရှိဖြစ်ပွားနေသည့် ရောဂါအခြေအနေကြောင့် လာရောက်လှူဒါန်းနိုင်မှုမရှိခြင်းများ ရှိနေသည်ဟုလည်း ဖောင်ဒေးရှင်းတာဝန်ရှိသူက ပြောသည်။

“ကိုဗစ်မဖြစ်ခင်တုန်းကဆိုရင် အလှူရှင်တွေက နေ့တိုင်းလိုလိုရှိတယ်။ တစ်နေ့ကို ၂ သိန်း ၃ သိန်း ဝန်းကျင်မှာရှိပါတယ်။ အခုဖြစ်နေတဲ့ ကိုဗစ်ကျတော့ အလှူရှင်တွေတစ်ယောက်မှ မရောက်တော့ အလှူငွေတွေကလည်း တစ်ပြားမှမရရှိဘူး။ တော်တော်လေးကို အလှူငွေတွေက နည်းပါးသွားပါတယ်” ဟု ဦးလမင်းကျော်သူက ပြောသည်။

ABC ဖောင်ဒေးရှင်းတွင် အလှူရှင်များမှလှူဒါန်းသော ငွေများနှင့် ကလေးများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စများကို ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ABC ဖောင်ဒေးရှင်းတွင် ကလေး ၅၉ ဦးကို ပြုစုစောင့်ရှောက်ရန်အတွက် ဝန်ထမ်းဦးရေ ၂၂ ဦးရှိပြီး ကျောင်း၏ အသုံးစရိတ်၊ ကလေးများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး၊ ဝန်ထမ်းများ၏ လစာအတွက် တစ်လလျှင် သိန်း ၉၀ ကျော်အထိ ကုန်ကျမှုရှိသည်ဟု ဦးလမင်းကျော်သူက ပြောသည်။

“ကလေးတွေရဲ့အထွေထွေကုန်ကျစရိတ်တွေ လုပ်ငန်းမှာ ကုန်ကျစရိတ်တွေ၊ နောက်ပြီးတော့ ဝန်ထမ်းတွေရဲ့ လစာတွေနဲ့ပေါင်းလိုက်ရင် တစ်လကိုသိန်းပေါင်း ၉၀ လောက်သွားပါတယ်။ ကိုဗစ်သာ ရေရှည်ဖြစ်ပွားနေမယ်ဆိုရင် ကလေးတွေအတွက် အခက်အခဲတွေ၊ ဝန်ထမ်းတွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းကပြောသည်။

ABC ဖောင်ဒေးရှင်ကို စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၁၃) တွင် ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

 

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...