နယ်စပ်က စစ်ဘေးရှောင်စခန်းတခုမှာ စာသင်ကျောင်း စတင်ဖွင့်လှစ်

နယ်စပ်က စစ်ဘေးရှောင်စခန်းတခုမှာ စာသင်ကျောင်း စတင်ဖွင့်လှစ်
KNPP ထိန်းချုပ်နယ်မြေတစ်နေရာမှ အ‌ခြေခံပညာရေးကျောင်း
KNPP ထိန်းချုပ်နယ်မြေတစ်နေရာမှ အ‌ခြေခံပညာရေးကျောင်း

စစ်ဘေးရှောင်ပြည်သူတွေ လာရောက်ခိုလှုံကြတဲ့ KNPP ထိန်းချုပ်နယ်မြေတစ်နေရာမှာ အ‌ခြေခံပညာရေးကျောင်း စတင်ဖွင့်လှစ်ထားပြီး အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

အဆိုပါနေရာက တပ်မတော်က အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်ထဲ တိုက်ပွဲတွေဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

ကလေးတွေအတွက် ဩဂုတ်လမှာ စာသင်ကျောင်း စတင်ဖွင့်လှစ်ပေးနေပြီး ကျောင်းသုံး သင်ထောက်ကူပစ္စည်း‌တွေ၊ ကျောင်းဆောင်တွေ အဓိကလိုအပ်နေတဲ့အပြင် ကျောင်းဆရာ၊ ဆရာမတွေလည်း လိုအပ်နေသေးတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

”သူတို့အတွက် ဘယ်လိုဖြစ်ဖြစ် ကျောင်းဆောင်က ဘယ်လိုဖြစ်ဖြစ် လိုအပ်နေတယ်။ ဒါပေမယ့် ကျမတို့ကို ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းက မရှိနေ‌ဘူး။ လောလောဆယ် ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းနဲ့ ကျမတို့ ချိတ်မိမနေသေးဘူး။ အဲ့တာကြောင့်မလို့ ကြမ်းပြင်ပေါ်မှာပဲ စာသင်နေရတာဖြစ်တယ်။ သူတို့အတွက် ကျမတို့ လုပ်ပေးချင်တယ်။ လုပ်ပေးဖို့က အကူအညီလိုအပ်နေတယ်။ ကျမတို့က ထားပေးချင်တယ်။ ရှိစေချင်တယ် ရှိဖို့လည်း မျှော်လင့်တယ်။ ဘယ်လိုလုပ်မလဲဆိုတာ အထက်လူကြီးနဲ့ ဆက်သွယ်ရမယ်ပေါ့နော။ အထက်လူကြီးကလည်း ဘယ်ကနေရနိုင်မလဲ ဘယ်သူ့ဆီကနေရနိုင်မလဲ။ ကျမတို့ကို အသိမပေးသေးဘူး။ ကျမ ကျောင်းအုပ်တစ်ယောက်အနေနဲ့ ရှိပေးစေချင်တယ်” လို့ တာဝန်ရှိသူက ပြောပါတယ်။

ကျောင်းဆောင် လေးဆောင် ဆောက်လုပ်ထားပြီးဖြစ်ပေမယ့် လိုအပ်နေသေးပြီး ယာယီအဆောင်နဲ့ စာသင်နေရသေးတာလည်း ရှိနေတာဖြစ်ပါတယ်။ သူငယ်တန်းကနေ ဒသမတန်းအထိ ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။

CDM ပြုလုပ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေကလည်း စာသင်ကြားမှုမှာ ပါဝင်သင်ကြားပေး‌နေတာဖြစ်ပြီး သင်ကြားမှုပိုင်းတွေမှာ ကွာခြားတာတွေရှိပေမယ့် တတ်နိုင်တဲ့ဖက်ကနေ သင်ကြားပေးသွားမှာဖြစ်တယ်လို့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

”ဒီကျောင်းမှာခါကျတော့ လိုအပ်တဲ့နေရာမှာပေါ့နော။ လိုအပ်တဲ့နေရာမှာ ကိုယ့်ရဲ့ တတ်နိုင်သလောက် တာဝန်ယူသင်ကြားပေးမှာပေါ့“ လို့ အဆိုပါဆရာမက ပြောပါတယ်။

ဇူလိုင်လကုန်အထိ ကျောင်းလာအပ်တဲ့ ကျောင်းသားဦးရေ ၂၆၅ ဦးရှိပါတယ်။ ဩဂုတ်လအတွင်းမှာတော့ ကျောင်းထပ်မံ လာရောက်အပ်နှံသူလည်း ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဒုက္ခသည် တစ်ထောင်ကျော် လာရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...