ရေကြီးရေလျှံမှုကြောင့် မကွေးတိုင်းအတွင်း ပဲနှမ်းစိုက်ခင်းများစွာ ပျက်စီးနေ

ရေကြီးရေလျှံမှုကြောင့် မကွေးတိုင်းအတွင်း ပဲနှမ်းစိုက်ခင်းများစွာ ပျက်စီးနေ

မိုးကြီး၍ ချောင်းရေလျှံမှုများကြောင့် မကွေးတိုင်းအတွင်းမြို့နယ်များမှ ပဲနှမ်းစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီးသွားကြောင်း ဒေသခံတောင်သူများမှ ပြောသည်။

မကွေးတိုင်း မင်းတုန်းမြို့နယ်၊ ကံမမြို့နယ်နှင့် ငဖဲမြို့နယ်များရှိ ပဲနှမ်းစိုက်ပျိုးခင်းများတွင် ချောင်းရေလျှံမှုကြောင့် စိုက်ပျိုးထားသည့် သီးနှံများ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

“နှမ်းခင်းတွေ ဒီနှစ်ဆို အရမ်းကောင်းခဲ့တာ၊ အပင်တွေက လူတစ်ရပ်လောက်ရှိတယ်၊ အခု အကုန်မြုတ်ကုန်တော့ သွားပြီပေါ့၊ ဒီမင်းတုန်းချောင်းရေက မိုးတွေရွာပြီးတက်လာတော့ ချောင်းဘေးကစိုက်ခင်းတွေ မြုတ်ကုန်တော့တာပေါ့၊ ပဲတီစိမ်းတို့နှမ်းတို့ အကုန်မြုတ်ကုန်တာပေါ့” ဟု ကံမမြို့နယ်ကျေးရွာတစ်ခုမှ တောင်သူတစ်ဦးမှ ဆိုသည်။

ကံမမြို့နယ်အတွင်း မင်းတုန်းချောင်းဘေးရှိ ကျောက်ပန်းတောင်းကျေးရွာ၊ လင်းကျေးရွာ၊ ကျီးမီးကျေးရွာ၊ ရွာသာယာကျေးရွာ၊ ကျောက်စောင်းကျေးရွာ၊ ကျောက်ပြုတ်ကျေးရွာ တောမကျေးရွာ၊ အင်ကြီးကုန်းကျေးရွာ၊ မင်းရွာ၊ တောင်မြင့်ကျေးရွာ၊ ညောင်ခုံကျေးရွာ၊ သမ္ဘရာကျေးရွာ၊ ခြောက်ပင်ကျေးရွာ၊ ပုညိုကျေးရွာ၊ ရေနံ့သာကျေးရွာနှင့် ဆုံကုန်းကျေးရွာတို့မှာ စိုက်ပျိုးထားသည့် ပဲနှင့်နှမ်းစိုက်ခင်းများ ရေမြုတ်သွားကြောင်း သိရသည်။

“နှမ်းခင်းတွေကတင် ဧကရာနဲ့ချီပြီးမြုတ်သွားတယ်၊ တောင်ရာနှမ်းကလွဲလို့ ကျန်တာတွေ အကုန်လုံးမြုတ်တယ်၊ ရိတ်ခါနီးတွေ၊ အသီးတွေပြူးပြီးကောင်းတဲ့နှစ်မှ အခုတော့ အကုန်ဆုံးလိုက်ရတော့မှာပေါ့” ဟု မင်းတုန်းမြို့နယ်အတွင်းမှ နှမ်းစိုက်တောင်သူတစ်ဦးမှ ဆိုသည်။

မင်းတုန်းမြို့နယ်အတွင်း လွှာချောင်း၊ ပဲမြောက်ချောင်းများမှ ရေကြီးရေလျှံဖြစ်မှုကြောင့် သရက်အုပ်ကွင်း၊ ရေပုလဲကွင်း၊ မဲဇလီကွင်း၊ တောင်မြင့်နှင့် ကပိုင် စသည့်ကျေးရွာများမှ နှမ်းစိုက်ခင်းများနှင့် နှမ်းထောင်များ ရေမြုတ်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း ငဖဲမြို့နယ်အတွင်းရှိ စပါးစိုက်လယ်ကွင်းများသည်လည်း မန်းချောင်းမှ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများရှိနေကြောင်း သိရသည်။

“လယ်တွေကတော့ ပြောစရာမရှိတော့ဘူး အကုန်ပျက်ပြီ၊ ငဖဲကတော့ ရေကာတာဆောက်လိုက်တော့ တဘက်က ချောင်းဖြူရွာလို့ အနိမ့်ပိုင်းတွေ ပိုထိလာတယ်၊ ချောင်းဖြူဘက်က လယ်တွေအကုန်မြုတ်ပြီး ရွာထဲကို ရေတွေဝင်နေပြီ” ဟု ငဖဲမြို့နယ်အတွင်းရှိ တောင်သူတစ်ဦးမှ ပြောသည်။

မကွေးတိုင်း ကံမမြို့နယ်ရှိ မဒေးရေလှောင်တမံသည် ရေပိုလွှဲ၏အထက် ၂ ပေနှင့် ၆ လက်မအထိ ရေကျော်လျက်ရှိနေပြီဖြစ်သည်။

အဆိုပါအခြေအနေကြောင့် ကံမမြို့နယ်အတွင်းရှိ ကြို့ပင်ကျေးရွာ၊ စီကျေးရွာ၊ ပျဉ်ထောင်ကျေးရွာတို့တွင် ရေလှောင်တမံရေကျော်နေကြောင်း သတိပေးသည့် အစိမ်းရောင်အလံများ စိုက်ထူသတိပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

 
 

 

 

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...