ကိုဗစ်ကာလအတွင်း ရခိုင်ကမြို့အချို့၌ နေအိမ်ထွက်အမှိုက်များကို စနစ်တကျ စွန့်ပစ်သိမ်းဆည်းရန် အခက်အခဲရှိလာ

ကိုဗစ်ကာလအတွင်း ရခိုင်ကမြို့အချို့၌ နေအိမ်ထွက်အမှိုက်များကို စနစ်တကျ စွန့်ပစ်သိမ်းဆည်းရန် အခက်အခဲရှိလာ

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ် မြို့နယ်အချို့၌ နေအိမ်ထွက်အမှိုက်များကို စနစ်တကျစွန့်ပစ်သိမ်းဆည်းရန် အခက်အခဲရှိလာနေကြောင်း မြို့ဒေသခံများထံမှသိရသည်။

တောင်ကုတ်မြို့တွင် ကိုဗစ်အခြေအနေများကြောင့် စည်ပင်လုပ်ငန်းတစ်ခုဖြစ်သည့် အမှိုက်သိမ်းဆည်းသည့်လုပ်ငန်းတွင် လူလျော့ခြင်းနှင့် အလုပ်လျော့ခြင်းများရှိကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

တောင်ကုတ်မြို့နယ်စည်ပင်အဖွဲ့တွင် အမှိုက်သိမ်းကား (၃) စီးရှိသော်လည်း ကိုဗစ်အခြေအနေကြောင့် လက်ရှိတွင် ကား (၂) စီးဖြင့်သာ အမှိုက်သိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရသည်ဟု မြို့နယ်စည်ပင်ဦးစီး ဦးမောင်စိန်ကပြောသည်။

“အမှိုက်သိမ်းကားက လောလောစဉ်မှာ အခုကိုဗစ်စကတည်းက တစ်စီးလျော့ထားပါတယ်။ အခုအခြေအနေမှာ ကားနှစ်စီးထွက်ပါတယ်၊ တစ်စီးကဆေးရုံမှာ ကိုဗစ်လူနာကထွက်တဲ့ ပစ္စည်းတွေကိုသိမ်းရတယ်။ တပတ်မှာလေးခါလောက် သိမ်းရတယ်ပေါ့၊ ဆိုတော့ မြို့မှာသိမ်းရတဲ့ဖက်က နည်းနည်းအားလျော့သွားပါတယ်” ဟု ပြောသည်။

ယခုကာလတွင် ဝန်ထမ်းများအတွက်လည်း ကိုဗစ်အန္တာရာယ်ကို စိုးရိမ်သည့်အတွက် ဝန်ထမ်းလျော့ထားခြင်းများရှိကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် အမှိုက်ကားနေ့စဉ်ပုံမှန်မရှိသကဲ့သို့ မလာသည့်အပတ်များရှိသဖြင့် အမှိုက်စွန့်ပစ်ရာ၌ အဆင်မပြေမှုများရှိနေသည်ဟု တောင်ကုတ်မြို့ ဂူတာရပ်ကွက်မှ ကိုမင်းကိုခိုင်က ပြောသည်။

“သူတို့မှာ ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်နေရာ၊ ဘယ်လမ်းမှာ ရပ်မယ်ဆိုတာမျိုး ကားကအတိအကျမရှိပါဘူး၊ အမှိုက်တွေကို အိမ်နောက်မှာ စုထားရတယ်၊ အမှိုက်ကားလာသံကြားလို့ ယူပြီးထွက်လာရင် ကားကမရှိတော့ဘူး” ဟု ဆိုသည်။

ကျောက်တော်မြို့တွင်လည်း စည်ပင်မှအမှိုက်သိမ်းဆည်းသည့်ကားများ နေ့စဉ်လာရောက်ခြင်းမရှိသဖြင့် အမှိုက်များကိုစွန့်ပစ်ရန်အခက်အခဲဖြစ်ကြောင်း မြို့ခံတစ်ဦးဖြစ်သည့် ကိုအောင်ဟိန်းလင်းကပြောသည်။

“တပတ်မှာ ၃ ရက်ပဲပတ်တော့ အမှိုက်တွေအရမ်းများနေတယ်ပေါ့နော်။ အခုဖြစ်နေတဲ့ ပြသာနာက အမှိုက်ပိုက်ရတဲ့ပြဿနာပေါ့” ဟု ၎င်းကပြောသည်။

သို့ပေမယ့် ကျောက်တော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ (AE) ဦးစိုးမိုးကျော်က အမှိုက်သိမ်းကားများကို ဈေးအတွက်တစ်စီး၊ မြို့နှင့်စစ်ဘေးရှောင်များအတွက် တရက်ခြား သိမ်းဆည်းမှုများလုပ်ဆောင်နေကြောင်း ပြောသည်။

အလားတူ မြေပုံမြို့တွင်လည်း စည်ပင်အမှိုက်သိမ်းကားမှာ ပုံမှန်လည်ပတ်နေခြင်းမရှိသဖြင့် ချောင်းနှင့်နီးလျှင် ချောင်းတွင်ပစ်ကြပြီး မြစ်နှင့်နီးလျှင် မြစ်တွင် အမှိုက်များကိုစွန့်ပစ်နေကြကြောင်း ဒေသခံများကပြောဆိုသည်။

မြေပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီအရာရှိ ဦးခင်မောင်ဌေးက ကိုဗစ်စည်းကမ်းနှင့်အညီ အမှိုက်သိမ်းခြင်းလုပ်ငန်းများကို မပျက်မကွက်လုပ်ဆောင်နေကြောင်းပြောသည်။

မြို့နယ်အချို့မှ စည်ပင်သာယာရေးအဖွဲ့များတွင် အမှိုက်သိမ်းဆည်းသည့်ကားများ အားနည်းမှုရှိသည်ကိုလည်းတွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိကိုဗစ်ကာလတွင် နေအိမ်ထွက်အမှိုက်များအပြင် ကိုဗစ်ကာကွယ်ရေးအတွက်အသုံးပြုသည့် mask၊ လက်သန့်ဆေးရည် စသည့်အမှိုက်များနှင့် ဆေးရုံမှထွက်ရှိသည့်အမှိုက်တို့မှာ များပြားလျက်ရှိနေသည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...