ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် ကျောက်တော်မြို့မဈေးကို အချိန်အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်ခွင့်ပြု

ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် ကျောက်တော်မြို့မဈေးကို အချိန်အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်ခွင့်ပြု

ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောက်တော်မြို့၊ မြို့မဈေးကို ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအချိန်ထိ ရောင်းချခွင့်ပြုထားကြောင်း ယနေ့ သြဂုတ် ၅ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကျောက်တော်မြို့မဈေးကို ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က ယာယီပိတ်ခဲ့ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဈေးသည်များမှ ဈေးရောင်းချချင်နေကြသည့်အတွက် မြို့မိ၊ မြို့ဖတို့နှင့်ဆွေးနွေးတိုင်ပင်ပြီး ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်တီမှ အမှုဆောင်အရာရှိ ဒေါ်ခင်စောရွှေကပြောသည်။

“ဈေးသည်တွေကလည်း ပိတ်ထားတာကို မခံနိုင်ကြတော့ဘူး။ ရောင်းချချင်နေကြတယ်။ ဆိုတော့ မြို့မိ၊ မြို့ဖတွေနဲ့ တိုင်ပင်ပြီး ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနဲ့အညီဖွင့်ပေးတာဖြစ်တယ်။ ခြောက်ပေအကွာကနေ ရောင်းရမယ်။ လက်သန့်ဆေးတွေ ဆောင်ထားရမှာတို့ကအစပေါ့။ စည်ပင်ကလည်း အတတ်နိုင်ဆုံးကြီးကြပ်သွားမယ်” ဟု ၎င်းကဆိုသည်။

မြို့မဈေးကို အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်ခြင်းအားဖြင့် ပြည်သူများအနေဖြင့် နှာခေါင်းစည်းတပ်ခြင်း၊ လက်သန့်ဆေးဆောင်ခြင်းများကို လိုက်နာနိုင်မှုရှိနိုင်သော်လည်း ဈေးအတွင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ရောင်းချ၊ ဝယ်ယူရမည်ဟုပြောဆိုခြင်းမှာ လက်တွေ့တွင် မဖြစ်နိုင်ဟုထင်မြင်ကြောင်း ဒေသခံ ကိုကျော်လှမြင့်က ပြောသည်။

“ဈေးကို တစ်ရက်လုံးဖွင့်တာနဲ့ အချိန်တပိုင်းတည်းဖွင့်တာမှာ တပိုင်းတည်းဖွင့်တာက ပိုပြီး လူနေသိပ်သည်းမှုများမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ရက်လုံးဝယ်ရမယ့်ကိစ္စကို အချိန်တပိုင်းလောက်နဲ့ သွားပြီးဝယ်ရမယ်ဆိုတော့ တစ်ရက်လုံးလူနေထူထပ်မှုဟာ အဲဒီအချိန်တပိုင်းတည်းမှာ ဖြစ်သွားမယ်။ ဆိုတော့ ပိုပြီး လူနေသိပ်သည်းမှုရှိတဲ့အတွက် ကိုဗစ်ရောဂါလည်း ပြန့်ပွားမှုရှိမယ်လို့ ထင်မိတယ်” ဟု ၎င်းကဆိုသည်။

သို့သော် ဈေးရောင်းချနေရသည့် ဈေးသည်များအနေဖြင့် ဈေးဆိုင်များ ဆက်လက်ပိတ်ထားရပါက ၎င်းတို့၏ စားဝတ်နေရေးအခြေအနေမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်းလည်း ဈေးသည်များပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...