အကြမ်းဖက်စစ်ကောင်စီတပ်မှ လူနေအိမ်နဲ့ဆိုင်များကို ဖျက်ဆီးပြီး ပစ္စည်းနဲ့ငွေများ ယူဆောင်သွား

အကြမ်းဖက်စစ်ကောင်စီတပ်မှ လူနေအိမ်နဲ့ဆိုင်များကို ဖျက်ဆီးပြီး ပစ္စည်းနဲ့ငွေများ ယူဆောင်သွား

ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားရှိ နန်းဖဲကျေးရွာအတွင်း ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လူနေအိမ်တွေနဲ့ ဆိုင်တွေကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဆိုင်အတွင်းရှိ ပစ္စည်းနဲ့ ငွေတွေကို သိမ်းယူသွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းမကြီးဘေးမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ လုံခြုံရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုအချို့ကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၃ ရက်နေ့မှာ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နန်းဖဲကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို ကား ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဩဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆက်လက်ရင်ဆိုင်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုများအနေနဲ့ လုံခြုံရေးသတိရှိကြဖို့လည်း အသိပေးထားပါတယ်။

 
 

 

 

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...