အကြမ်းဖက်စစ်ကောင်စီတပ်မှ လူနေအိမ်နဲ့ဆိုင်များကို ဖျက်ဆီးပြီး ပစ္စည်းနဲ့ငွေများ ယူဆောင်သွား

အကြမ်းဖက်စစ်ကောင်စီတပ်မှ လူနေအိမ်နဲ့ဆိုင်များကို ဖျက်ဆီးပြီး ပစ္စည်းနဲ့ငွေများ ယူဆောင်သွား

ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားရှိ နန်းဖဲကျေးရွာအတွင်း ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လူနေအိမ်တွေနဲ့ ဆိုင်တွေကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဆိုင်အတွင်းရှိ ပစ္စည်းနဲ့ ငွေတွေကို သိမ်းယူသွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းမကြီးဘေးမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ လုံခြုံရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုအချို့ကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၃ ရက်နေ့မှာ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နန်းဖဲကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို ကား ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဩဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆက်လက်ရင်ဆိုင်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုများအနေနဲ့ လုံခြုံရေးသတိရှိကြဖို့လည်း အသိပေးထားပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...