ရခိုင်မှ နေ့စားလပေး တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမအချို့ လစာငွေမရရှိကြသေး

ရခိုင်မှ နေ့စားလပေး တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမအချို့ လစာငွေမရရှိကြသေး

ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားလပေး တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများ (TA|LT) မှာ ဇူလိုင်လအတွက် လစာငွေကို ယနေ့အထိ ရရှိခြင်းမရှိသေးကြောင်း ၎င်းဆရာ၊ ဆရာများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လက ကိုဗစ်ရောဂါဖြစ်ပွားနေသော ကာလဖြစ်သည့်အတွက် ကျောင်းများကို ပိတ်ထားခဲ့ရသော်လည်း ပုံမှန်လစာကိုရရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင် ဇူလိုင်လအတွက် လစာငွေကို မရရှိသေးကြောင်း သံတွဲမြို့နယ်မှ တိုင်းရင်းသားစာပေသင် ဆရာတစ်ဦးဖြစ်သူ ကိုအေးမင်းထွန်းက ဆိုသည်။

“ပြီးခဲ့တဲ့ လစာထုတ်ရက်က သွားထုတ်တော့ ကိုဗစ်ကြောင့် ကျောင်းပိတ်တယ်ဆိုပြီး လစာငွေမရခဲ့ပါဘူး။ ကျွန်တော်တို့သံတွဲမှာဆိုရင် လူဦးရေတစ်ရာကျော်လောက်ရှိကြပါတယ်။ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း မရကြဘူးလို့ကြားပါတယ်၊ တောင်ကြီးတစ်ခုပဲ ၁၂ ရက်စာ လစာပဲရတယ်ကြားတယ်” ဟု ၎င်းကဆိုသည်။

၎င်းဆရာ၊ ဆရာမများမှာ အစိုးရမှ တရားဝင်ခန့်ထားသည့် နေ့စားလပေး ဆရာ၊ ဆရာမများဖြစ်ကြပြီး ကျောင်းဖွင့်သည့်ရက်များ၌ တစ်ရက်လျှင် ငွေကျပ် ၄၅၀၀ ရရှိကြကြောင်း သိရသည်။

လက်ရှိ ကိုဗစ်ကာလ ကျပ်တည်းနေချိန်တွင် ရရှိလာမည့်လစာငွေအပေါ် မှီခိုနေရသည့်အတွက် လစာငွေမရရှိပါက စားဝတ်နေရေးအတွက် များစွာအခက်ကြုံရနိုင်ကြောင်း သံတွဲမြို့နယ်မှ တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာမ ဒေါ်ခင်မာရီက ပြောသည်။

“တချို့ ဆရာ၊ ဆရာမတွေဆိုရင် သူတို့ရွာနဲ့ တာဝန်ကျတဲ့ကျောင်းနဲ့ ဝေးတဲ့အတွက် ကျောင်းမှာနေပြီး ထမင်းကို ချိုင့်ဆွဲစားကြရတဲ့လူတွေရှိတယ်။ တချို့ဆိုရင် ကုန်းတစ်တန်၊ ရေတစ်တန် လာကြရတာတွေရှိတယ်။ ကျွန်မတို့လစာက တစ်လလုံးပေါင်းမှ တစ်သိန်းဝန်းကျင်ပဲရတာ။ ဒီငွေလေးကိုတော့ ကျွန်မတို့မျှော်လင့်မိပါတယ်” ဟု ၎င်းဆရာမက ရှင်းပြသည်။

တိုင်းရင်းသားစာပေသင်ကြားနေသည့် နေ့စားလပေး ဆရာ၊ ဆရာမများ၏ ဇူလိုင်လအတွက် လစာငွေများကို ရုံးချုပ်မှ ချပေးခြင်းမရှိသေးသည့်အတွက် လစာငွေမပေးနိုင်သေးခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကဆိုသည်။

“သူတို့ကိုပေးရမယ့် လစာငွေကို ရုံးချုပ်က မချပေးသေးဘူး။ ရုံးချုပ်မှာလည်း ကိစ္စတွေများနေတယ်နဲ့တူတယ်။ ဒီကရုံးလုပ်ငန်းတွေအတွက် အသေးသုံးငွေတွေလိုလို့ ထပ်တောင်းထားတာတောင် ချမပေးနိုင်သေးဘူး။ သူတို့လည်း အလုပ်တွေများနေလို့နဲ့တူတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုအခြေအနေကြောင့် ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ ကျောင်းများကို နှစ်ပတ်ယာယီပိတ်ထားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...