NLD အမတ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို ဘေး/စီ/မံပုဒ်မဖြင့် စွဲချက်တင်

NLD အမတ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို ဘေး/စီ/မံပုဒ်မဖြင့် စွဲချက်တင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် ဇူလိုင် ၂၆ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်လိုက်ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့သည် ဘေး/စီ/မံအမှုနှင့်ပတ်သက်ပြီး အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

“သဘာဝဘေးစီင်္မဥပဒေပုဒ်မ-၂၅ အရ သူတို့နှစ်ဦးကို စွဲချက်တင်တယ်။ သူတို့က အပြစ်မရှိဘူးလို့ပြောတယ်။ ဆိုတော့ တရားခံဘက်က တင်ပြချင်တဲ့ သက်သေစာရင်းတွေပေးတယ်။ သြဂုတ်လ ၉ ရက်နေ့ကို ရုံးချိန်းလိုက်တယ်” ဟု ၎င်းကပြောသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ တို့ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

လာမည့် သြဂုတ်လ ၉ ရက်နေ့ရုံးချိန်းတွင် အမှုနှစ်ခုစလုံးနှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသူများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့၌ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ၎င်းတို့နှစ်ဦးကို တောင်ကုတ်မြို့မရဲစခန်းမှ ဒု-ရဲမှူး ဇော်လတ်က တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး သံတွဲခရိုင် သဘာဝဘေးအန္တရာယ်နှင့် ကာကွယ်ရေးပစ္စည်းထိန်းသိမ်းရေးဌာနမှ ဦးစီးမှူး ဒေါ်မြင့်သူသင်းမှ တရားလိုပြုလုပ်ကာ ဘေးစီမံပုဒ်မဖြင့် ထပ်မံ အမှုဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...