Published
Tuesday, July 20, 2021
ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၀ ဦးထိရှိလာ
ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ကိုဗစ်ဆေးကုသမှုခံယူနေတဲ့ အသက် (၇၁) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အဆိုပါသေဆုံးသူမှာ လွိုင်ကော်မြို့ ရှမ်းပိုင်းရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ၎င်းရဲ့ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄ မိုင်သုဿန်ကို ပို့ဆောင်ကူညီသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၉ ဦးနဲ့ ဖရူဆိုမြို့မှ တစ်ဦး စုစုပေါင်း ၁၀ ဦးရှိနေပြီး ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ (၁၉၆) ဦးထိ ရှိနေပြီဖြစ်ပါတယ်။







