ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၀ ဦးထိရှိလာ

ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၀ ဦးထိရှိလာ

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ကိုဗစ်ဆေးကုသမှုခံယူနေတဲ့ အသက် (၇၁) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါသေဆုံးသူမှာ လွိုင်ကော်မြို့ ရှမ်းပိုင်းရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ၎င်းရဲ့ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄ မိုင်သုဿန်ကို ပို့ဆောင်ကူညီသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၉ ဦးနဲ့ ဖရူဆိုမြို့မှ တစ်ဦး စုစုပေါင်း ၁၀ ဦးရှိနေပြီး ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ (၁၉၆) ဦးထိ ရှိနေပြီဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...