ဇူလိုင်လ ၁၂ ရက်နေ့ ည (၉း၂၀) ဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ EPC ရုံး ဗုံးကွဲမှုဖြစ်စဉ်မှာ KNDF မှ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Karenni Nationalities Defence Force (Loikaw Zone) မှ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စွဲရာနေရာများ၊ ပြည်သူလူထုအပေါ် အတင်းအကြပ် အခွန်အခများကောက်ခံခြင်း ပြုလုပ်နေတဲ့ ဌာနများကို ပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အကြောက်မလွန်ကြရန်၊ ပေါက်ကွဲတဲ့ နေရာအတိအကျအား Scial Media ဖြစ်တဲ့ Facebook ပေါ် ရေးသားဖော်ပြခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံထားပါတယ်။
KNDF အဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးပြီး ကာကွယ်နေတဲ့အဖွဲ့ဖြစ်တာကြောင့် ပြည်သူလူထုအား ထိခိုက်နစ်နာစေတဲ့ အပြုအမူ၊ လုပ်ဆောင်ချက်တွေကို မည်သည့်အခါမှ ပြုလုပ်သွားမှာမဟုတ်ကြောင်း အသိပေးပန်ကြားထားပါတယ်။








