လွိုင်ကော်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ EPC ရုံးကို ဗုံးခွဲခဲ့ကြောင်း KNDF (Loikaw Zone) ထုတ်ပြန်

လွိုင်ကော်မြို့ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ EPC ရုံးကို ဗုံးခွဲခဲ့ကြောင်း KNDF (Loikaw Zone) ထုတ်ပြန်

ဇူလိုင်လ ၁၂ ရက်နေ့ ည (၉း၂၀) ဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ EPC ရုံး ဗုံးကွဲမှုဖြစ်စဉ်မှာ KNDF မှ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Karenni Nationalities Defence Force (Loikaw Zone) မှ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စွဲရာနေရာများ၊ ပြည်သူလူထုအပေါ် အတင်းအကြပ် အခွန်အခများကောက်ခံခြင်း ပြုလုပ်နေတဲ့ ဌာနများကို ပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အကြောက်မလွန်ကြရန်၊ ပေါက်ကွဲတဲ့ နေရာအတိအကျအား Scial Media ဖြစ်တဲ့ Facebook ပေါ် ရေးသားဖော်ပြခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံထားပါတယ်။

KNDF အဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးပြီး ကာကွယ်နေတဲ့အဖွဲ့ဖြစ်တာကြောင့် ပြည်သူလူထုအား ထိခိုက်နစ်နာစေတဲ့ အပြုအမူ၊ လုပ်ဆောင်ချက်တွေကို မည်သည့်အခါမှ ပြုလုပ်သွားမှာမဟုတ်ကြောင်း အသိပေးပန်ကြားထားပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...