NLD ပါတီ ဖျက်သိမ်းဖို့ ကော်မရှင်အစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့ဆို

NLD ပါတီ ဖျက်သိမ်းဖို့ ကော်မရှင်အစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မျက်နှာစုံညီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီကော်မရှင်က ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၂ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းစာရှင်လင်းပွဲမှာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုခဲ့တာပါ။

“NLD ပါတီ ဖျက်သိမ်း/မသိမ်းကို ကျွန်တော် တထိုင်တည်းပြောလို့မရပါဘူး၊ ဒီကိစ္စကို ကော်မရှင်ဥက္ကဋ္ဌပါတဲ့ စုံညီအစည်းအဝေးမှာ ဆုံးဖြတ်သွားပါမယ်” လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းစာရှင်လင်းပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီဟာ မဲသမာမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တဖက်သတ်စွပ်စွဲချက်တွေနဲ့ ထပ်မံရှင်းလင်းသွားခဲ့ပါတယ်။

ဒါအပြင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အချိုးကျကိုယ်စားပြုစနစ် (PR) စနစ် ကျင့်သုံးဖို့ ဆွေးနွေးသွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။

Most read this week

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...