ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကိုပိတ်ရန် ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားသဖြင့် ကုန်များကို ၁၅ ရက်နေ့မတိုင်မီ အပြီးပြေးဆွဲနေရ

ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကိုပိတ်ရန် ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားသဖြင့် ကုန်များကို ၁၅ ရက်နေ့မတိုင်မီ အပြီးပြေးဆွဲနေရ

ရခိုင်တွင် ကိုဗစ်ပိုးကူးစက်မှုနှုန်း မြင့်တက်လာနေသဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခု ဇူလိုင်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပိတ်ပင်ရန် ညွှန်ကြားထားသဖြင့် ကုန်ပစ္စည်းများကို ၁၅ ရက်နေ့အမှီ ပြေးဆွဲနေရသည်ဟု ကုန်သည်စက်မှုလက်မှုအသင်းများထံမှ သိရသည်။

ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိနေသူများမှာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၌ ဆောင်ရွက်နေသူများ၊ ပြည်တွင်းခရီးသွားလာသူများနှင့် တာဝန်နှင့်ပြောင်းရွှေ့လာသူများဖြစ်သဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းအား ခေတ္တပိတ်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြည်နယ်စစ်ကောင်စီက ဇူလိုင်လ ၄ ရက်နေ့က ရခိုင်ပြည် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ၁၅ ရက်နေ့ပိတ်မည်ဟု သတင်းများကြားသိရသော်လည်း တရားဝင်အကြောင်းကြားစာ မရောက်ရှိသေးသဖြင့် ကုန်သွယ်ရေးလိုင်းများကို လက်ရှိအချိန်ထိ ပုံမှန်ပြေးဆွဲနေဆဲဖြစ်သည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေး ဦးစီးအရာရှိ ဦးသာထွန်းစိန်က ပြောသည်။

“ကျနော်တို့အနေနဲ့တော့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ဒီလ ၁၅ ရက်နေ့ကနေစပြီး လကုန်တဲ့အထိ ယာယီပိတ်မယ်လို့တော့ သတင်းတွေမှာဖတ်ရတယ်။ အကြောင်းကြားစာကတော့ မရောက်သေးဘူး။ ကုန်သွယ်ရေးလိုင်းကတော့ ပုံမှန်အတိုင်း သွားလာနေတုန်းပါပဲ။ ပိတ်မယ်ဆိုရင်လည်း ကျနော်တို့က ပိတ်မယ်ဆိုရင် ပိတ်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

ယင်းကြောင့် ကုန်သည်များမှာ ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့်ရက်အမှီ အကုန်ပြေးဆွဲနေကြရကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက ပြောသည်။

“ကျနော်တို့ကတော ဒီပိတ်ရမယ့်အကြောင်းတွေရယ်၊ အမှီပြေးဆွဲဖို့ရယ်၊ ကုန်သည်တွေကို အသိပေးထားပါပြီ။ အရင်ကိုဗစ်ဖြစ်တုန်းကတော့ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရတဲ့အတွက် ဘယ်တော့ပြန်ဖွင့်မယ်မှန်းလည်း မသိရတော့ နစ်နာမှုတွေတော့ ရှိိခဲ့တာပေါ့။ ဒါပေမယ့် အခုဟာက အကန့်အသတ်နဲ့ပိတ်မှာလေ။ ကန့်သတ်ထားတဲ့ရက်ကျော်ရင် ပြန်ဖွင့်မှာဆိုတော့ ကုန်သည်တွေအတွက်လည်း နစ်နာမှုသိပ်ရှိမယ်လို့တော့ မထင်ပါဘူး" ဟု ၎င်းကဆိုသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် မေလကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၇၉၃ ဦးအထိရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၄၁ ဦးရှိကာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...