ကိုဗစ်ပိုးတွေ့သူ အမျိုးသမီးတစ်ဦးသေဆုံး၊ ကိုဗစ်ကြောင့် သေဆုံးသူ နှစ်ဦးရှိလာ

ကိုဗစ်ပိုးတွေ့သူ အမျိုးသမီးတစ်ဦးသေဆုံး၊ ကိုဗစ်ကြောင့် သေဆုံးသူ နှစ်ဦးရှိလာ

ကရင်နီပြည်နယ်မှာ ပိုးဗစ်ပိုးတွေ့ရှိသူများအနက် ဒေါတမရပ်ကွက်ရှိ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးထံမှ ဇူလိုင်လ ၈ ရက်နေ့ ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းထံမှ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို လွိုင်ကော်ဆေးရုံကြီးမှတဆင့် ၄ မိုင် သုသာန်သင်္ချိုင်းသို့ ရွှေလွိုင်ကော်ပရဟိတအသင်းမှ သွားရောက်ပို့ဆောင် မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၃၅ ဦးရှိနေပြီး ကိုဗစ်ပိုးဖြင့် သေဆုံးသူမှာ ၂ ဦး ရှိနေပြီလို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ Contact အားလုံးကို  Quarantine ထားရှိပြီး ဆေးစစ်ချက်ရယူသွားမယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူများမှာ ခရီးသွားရာဇဝင်ရှိသူများအပါအဝင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်၍ ဆေးစစ်ရာ ပိုးတွေ့ရှိသူများလည်း ပါဝင်ကြပါတယ်။

ပြီးခဲ့တဲ့ ၆ ရက်နေ့ညမှာ အမျိုးသားတစ်ဦး ကိုဗစ်ပိုးနဲ့သေဆုံးခဲ့ပြီး ယခုသေဆုံးသူမှာ ဒုတိယမြောက်ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...