ကိုဗစ်ပိုးတွေ့သူ အမျိုးသမီးတစ်ဦးသေဆုံး၊ ကိုဗစ်ကြောင့် သေဆုံးသူ နှစ်ဦးရှိလာ

ကိုဗစ်ပိုးတွေ့သူ အမျိုးသမီးတစ်ဦးသေဆုံး၊ ကိုဗစ်ကြောင့် သေဆုံးသူ နှစ်ဦးရှိလာ

ကရင်နီပြည်နယ်မှာ ပိုးဗစ်ပိုးတွေ့ရှိသူများအနက် ဒေါတမရပ်ကွက်ရှိ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးထံမှ ဇူလိုင်လ ၈ ရက်နေ့ ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းထံမှ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို လွိုင်ကော်ဆေးရုံကြီးမှတဆင့် ၄ မိုင် သုသာန်သင်္ချိုင်းသို့ ရွှေလွိုင်ကော်ပရဟိတအသင်းမှ သွားရောက်ပို့ဆောင် မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၃၅ ဦးရှိနေပြီး ကိုဗစ်ပိုးဖြင့် သေဆုံးသူမှာ ၂ ဦး ရှိနေပြီလို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ Contact အားလုံးကို  Quarantine ထားရှိပြီး ဆေးစစ်ချက်ရယူသွားမယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူများမှာ ခရီးသွားရာဇဝင်ရှိသူများအပါအဝင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်၍ ဆေးစစ်ရာ ပိုးတွေ့ရှိသူများလည်း ပါဝင်ကြပါတယ်။

ပြီးခဲ့တဲ့ ၆ ရက်နေ့ညမှာ အမျိုးသားတစ်ဦး ကိုဗစ်ပိုးနဲ့သေဆုံးခဲ့ပြီး ယခုသေဆုံးသူမှာ ဒုတိယမြောက်ဖြစ်ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...