ဝိုင်းမော် ခမရ ၃၂၁ တပ်ရင်းကို KIA သွားရောက်ပစ်ခတ်

ဝိုင်းမော် ခမရ ၃၂၁ တပ်ရင်းကို KIA သွားရောက်ပစ်ခတ်

ဝိုင်းမော် ရွှေညောင်ပင်ကျေးရွာရှိ အာဏာသိမ်းစစ်တပ် ခမရ ၃၂၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဇူလိုင် ၈ ရက် ည ၈ နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“အခုလည်း သေနတ်သံကြားနေရတယ်။ ရွှေညောင်ပင်ဘက်မှာ ၃ ချက်လောက် ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် KNG ကို ပြောဆိုခဲ့သည်။

KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ က လက်နက်ကြီးဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်ဘက်ကလည်း လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

ပစ်ခတ်ခံရမှုတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုစာရင်း အသေးစိတ်ကို မသိရသေးပါ။

ပစ်ခတ်ခံရသော ခမရ ၃၂၁ တပ်သည် မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် ရွှေညောင်ပင်ကျေးရွာတွင်ရှိပြီး လတ်တလော ခရီးသွားပြည်သူများကို စစ်ဆေးဖမ်းဆီးနေသော ဂိတ်လည်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်ညကလည်း ဝိုင်းမော်-မြစ်ကြီးနား ဗလမင်းထင်တံတားအနီး စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA က သွားရောက်ပစ်ခတ်ခဲ့သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...