ဝိုင်းမော် ခမရ ၃၂၁ တပ်ရင်းကို KIA သွားရောက်ပစ်ခတ်

ဝိုင်းမော် ခမရ ၃၂၁ တပ်ရင်းကို KIA သွားရောက်ပစ်ခတ်

ဝိုင်းမော် ရွှေညောင်ပင်ကျေးရွာရှိ အာဏာသိမ်းစစ်တပ် ခမရ ၃၂၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဇူလိုင် ၈ ရက် ည ၈ နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“အခုလည်း သေနတ်သံကြားနေရတယ်။ ရွှေညောင်ပင်ဘက်မှာ ၃ ချက်လောက် ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် KNG ကို ပြောဆိုခဲ့သည်။

KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ က လက်နက်ကြီးဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်ဘက်ကလည်း လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

ပစ်ခတ်ခံရမှုတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုစာရင်း အသေးစိတ်ကို မသိရသေးပါ။

ပစ်ခတ်ခံရသော ခမရ ၃၂၁ တပ်သည် မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် ရွှေညောင်ပင်ကျေးရွာတွင်ရှိပြီး လတ်တလော ခရီးသွားပြည်သူများကို စစ်ဆေးဖမ်းဆီးနေသော ဂိတ်လည်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်ညကလည်း ဝိုင်းမော်-မြစ်ကြီးနား ဗလမင်းထင်တံတားအနီး စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA က သွားရောက်ပစ်ခတ်ခဲ့သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...